Homeပြည်တွင်းသတင်းတောင်ဥက္ကလာပမြို့နယ်မှာ ရွေးကောက်ပွဲဆန့်ကျင်တဲ့ ပို့စ် ရေးသားမျှဝေတယ်ဆိုပြီး မိန်းကလေးနှစ်ယောက် အဖမ်းခံရ

တောင်ဥက္ကလာပမြို့နယ်မှာ ရွေးကောက်ပွဲဆန့်ကျင်တဲ့ ပို့စ် ရေးသားမျှဝေတယ်ဆိုပြီး မိန်းကလေးနှစ်ယောက် အဖမ်းခံရ

၁၃ အောက်တိုဘာ ၂၀၂၅

ရန်ကုန်‌မြို့ တောင်ဥက္ကလာပမြို့နယ်ထဲမှာ ရွေးကောက်ပွဲဆန့်ကျင်တဲ့ ပို့စ် ရေး သားမျှဝေတယ်ဆိုပြီး မိန်းကလေးနှစ်ယောက်ကို အောက်တိုဘာ ၁၁ ရက်က ဖမ်းဆီးခဲ့ခံရတယ်လို့ ရန်ကုန်စောင့်ကြည့်အဖွဲ့ဆီကနေ သိရပါတယ်။

အဲဒီ မိန်းကလေး ၂ဦးဟာ စစ်တပ်ကပြုလုပ်မယ့်ရွေးကောက်ပွဲမှာ ဘယ်ပါတီကိုမှမဲမပေးဘူး၊ ဘယ်သူ့ကိုမှအယုံအ ကြည်မရှိဘူး ဆိုပြီးရေးသားထားသလို၊ အယောင်ဆောင်ရွေးကောက်ပွဲကို မဲမထည့်ဖို့ ဆိုတဲ့စာသားကိုလည်း အဲဒီ ပို့စ် အောက်မှာ မှတ်ချက်ပြုရေးသားထားကြတာဖြစ်တယ်လို့သိရပါတယ်။

စစ်ကော်မရှင် သူတို့ပြုလုပ်မဲ့ ရွေး ကောက်ပွဲအတွက် ဆန့်ကျင်သူတွေကို လိုက်လံဖမ်းဆီးတာဟာ ရွေးကောက်ပွဲကာကွယ်ရေးဥပဒေ ပြဌာန်းပြီးနောက် နှစ်လအတွင်းမှာ လူပေါင်း ၆၀ ကျော်ကို ဖမ်းဆီးအရေးယူထားပြီးဖြစ်တယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲကာကွယ်ရေးဥပဒေမှာ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်တွေကိုဖြစ်စေ (သို့မဟုတ်) လုပ်ငန်းစဉ်ရဲ့ တစိတ်တဒေသကိုဖြစ်စေ ပျက်ပြားစေရန်ဟောပြောခြင်း၊ ပြောဆိုခြင်း၊ စည်းရုံးခြင်း၊ လှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း (သို့မ ဟုတ်) စာရေးသားဖြန့်ချိခြင်းတို့မပြုလုပ်ရန် ထည့်သွင်း တားမြစ်ထားပါတယ်။

ဒါ့အပြင် လူမှုကွန်ရက်စာမျက်နှာပေါ်မှာလည်း ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ ဝေ ဖန်ရေးသားနေသူ တွေကိုလည်း စစ်တပ်က ဆက်တိုက်ဖမ်းဆီးတာတွေရှိနေတာပါ။

ဖမ်းဆီးအရေးယူတာမျိုးတွေရှိပေမဲ့ ယခုရက်ပိုင်းအတွင်း ပြည်သူလူထုဟာ သက် ဆိုင်ရာမြို့နယ်တွေမှာ မဲစာရင်းစစ်နေကြတယ်လို့ ရွေးကောက်ပွဲကော်မရှင်က ဖုန်းတွေကနေတဆင့် (SMS) စာတွေပေးပို့ အသိပေးနေပါတယ်။

ရွေးကောက်ပွဲဥပဒေထုတ်ပြန်ပြီးနောက် ပြီးခဲ့တဲ့ စက်တင်ဘာလ (၃၀) ရက်အထိ နိုင်ငံတဝှမ်းလုံးမှာ ရွေး‌ကောက်ပွဲနှောင့် ယှက်ဟန့်တားဖျက်ဆီးရန် အရေးယူဆောင်ရွက်မှု (၂၄) မှုနဲ့ တရားခံ (၆၄) ဦးကို အရေးယူထားတယ်လို့ ပါတီစုံအထွေ ထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင် ရာကြီးကြပ်မှု ဗဟိုကော်မတီကနေ သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး