၅ မတ်၊ ၂၀၂၅
မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ နတ်စောင့်ရွာကို မတ်လ ၄ ရက်ည ၁၀ နာရီခွဲလောက်မှာ စစ်ကောင်စီ လေတပ်က ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် ကလေး ၁ ဦးအပါအဝင် ၆ ဦးသေဆုံးသွားတယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။
အဲ့ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသား ၁ဦး၊ အမျိုးသမီး ၄ ဦးနဲ့ အသက် ၁၃နှစ်သားကလေးငယ် ၁ ဦးသေဆုံးပြီး နေ ၂၈ လုံးမီးလောင်ခဲ့တယ်လို့ ဆိုပါတယ်။
“ရွာလည် ဓမ္မာရုံဘေးကို ကျတာပါ။ သေတာ ၆ ယောက်၊ဒဏ်ရာရသူတွေလည်းရှိတယ်လို့ သိရပါတယ်။”လို့ ဒေသခံ တဦးက New Day Myanmar ကိုပြောပါတယ်။
လက်ရှိမှာတော့ နတ်စောင့်ရွာထဲမှာ ပျူစောထီးတွေ ဝင်ရောက်နေတာကြောင့် သေဆုံးသူ အရေအတွက်ကို တော့ သေချာစွာမသိရသေးဘူးလို့ ဆိုပါတယ်။
Photo – ရွှေညာမြေ