Homeပြည်တွင်းသတင်းတောင်သာမြို့နယ်၊ ဇရပ်ကြီးကျေးရွာစာသင်ကျောင်းကို စစ်တပ်ကလေကြောင်းက နှစ်ကြိမ်တိုက်ခိုက်

တောင်သာမြို့နယ်၊ ဇရပ်ကြီးကျေးရွာစာသင်ကျောင်းကို စစ်တပ်ကလေကြောင်းက နှစ်ကြိမ်တိုက်ခိုက်

၂၆ ဒီဇင်ဘာ၊ ၂၀၂၄

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ဇရပ်ကြီးကျေးရွာ စာသင်ကျောင်းကို ဒီဇင်ဘာလ ၂၅ ရက် ၊ ခရစ္စမတ်နေ့က နှစ်ကြိမ်တိုင် လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်း သတင်းတွေက ဖော်ပြပါတယ်။

ဒီဇင်ဘာ ၂၅ ရက် နေ့လည် ၁၂ နာရီမှာ ဇရပ်ကြီးကျေးရွာစာသင်ကျောင်းကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ကျေးရွာစာသင်ကျောင်းဆောင်တွေ ပျက်စီးခဲ့ပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ နေ့လည် ၂ နာရီဝန်းကျင်မှာ ထပ်ပြီး စက်တပ်လေထီးအမျိုးအစားနဲ့ နောက်တစ်ကြိမ် ထပ်ပြီး စာသင်ကျောင်းကို ထပ်ပြီး ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တဲ့အတွက် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိပြီး စုစုပေါင်း ဒဏ်ရာရသူ နှစ်ဦး ရှိတယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာမြို့နယ်တွေကို တိုက်ပွဲမရှိဘဲ လေကြောင်းက တိုက်ခိုက်တာ ၊ စစ်ကြောင်းထိုးပြီး လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ လုပ်နေပြီး နွားထိုးကြီးမြို့နယ်၊ ဒေါင့်ဘိုးရွာကိုလည်း လေကြောင်းက ဗုံးကြဲတိုက်ခိုက်တဲ့အတွက် လူ နှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာပြင်းထန်စွာ ရရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဓာတ်ပုံ – လူထုလှုပ်ရှားမှု့ကော်မတီ-တောင်သာ

ဆက်စပ် သတင်းများ

Most read