Homeပြည်တွင်းသတင်းတောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၁ဝ၇ မမ ရှော့ဒုံး ၈ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရ

တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၁ဝ၇ မမ ရှော့ဒုံး ၈ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရ

၃၀ ဧပြီ၊ ၂၀၂၅

တောင်ငူမြို့မှာ အခြေစိုက်တဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၂၀၂၅ ခုနှစ် ဧပြီလ ၃၀ ရက် မနက် ၁ နာရီ ၃၇ မိနစ် အချိန်က ၁ဝ၇ မမ ရှော့ဒုံး ၈ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခိုက်တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့က ဧပြီ ၃၀ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

တောင်ပိုင်းတိုင်း စစ်ဌာနချုပ် (တပခ) ဟာ ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ် မြောက်ဘက်ခြမ်း ဒေသတွေနဲ့ ထိစပ်နေပြီး အဲ့ဒီဒေသက တော်လှန်ရေး အင်အားစုတွေနဲ့ အပြစ်မဲ့ပြည်သူတွေကို ရက်စက်စွာ သတ်ဖြတ်နေတဲ့ စစ်ကောင်စီတပ်ကို အဓိကအမိန့်ပေးကွပ်ကဲဖို့ ခြေကုပ်ယူထားတဲ့အရေးပါတဲ့ တိုင်းစစ်ဌာနချုပ်ဖြစ်တာ​ကြောင့် ခုလို ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ငလျင်ဒဏ်ကြောင့် ဌာနဆိုင်ရာအဆောက်အုံများပြိုလဲပျက်စီးသွားတဲ့ နေပြည်တော် စစ်ကောင်စီ စစ်ရုံးချုပ်နဲ့ နေပြည်တော်တိုင်းစစ်ဌာနချုပ်ရုံးတွေ စစ်ကောင်စီအကြီးအကဲတွေ သွားပြီးရုံးထိုင်နေတာကို ကြားသိရတဲ့ အတွက် BWM Mission 35 အရ တိုက်ခိုက်တာဖြစ်တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီရဲ့ တပခ အတွင်းကထိခိုက်သေဆုံးမှုအခြေအနေကို ဆက်လက် စုံစမ်းနေပြီး သိရှိရသမျှအချိန်နှင့်တပြေးညီ ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

ပုံစာ – တောင်ပိုင်းတိုင်းစစ်ဌာနချုပ်အား ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၉ နေ့က ဒရုန်းနှင့်တိုက်ခိုက်ခဲ့သည့်ပုံအား Brave Warriors for Myanmar (BWM) က ထုတ်ပြန်ထားစဉ်။

ဓါတ်ပုံ – Brave Warriors for Myanmar (BWM)

ဆက်စပ် သတင်းများ

Most read