၂၂ ဇန်နဝါရီ ၂၀၂၆
ယမန်နေ့ ဇန်နဝါရီ ၂၁ ရက် ည ၇ နာရီကျော်ခန့်မှာ ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ် ၆၃ ရပ်ကွက်၊ ပြည်ထောင်စုလမ်းမပေါ် ပုလဲကန်ရှေ့နားမှာ ယောကျ်ားလေး ၂ ဦးကို အိမ်စီးကားတစီးနဲ့ ရောက်လာတဲ့ အရပ်ဝတ်လူတစုက ဆွဲခေါ်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
ဒီမတိုင်ခင် ဇန်နဝါရီ ၂၀ ရက် ည ၇ နာရီလောက်မှာလည်း အဲဒီနေရာအနီး ပြည်ထောင်စုလမ်းပေါ်မှာ သွားလာနေတဲ့ ယောကျ်ားလေး ၁ ဦးကို လူတစုက ထပ်မံ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရတဲ့ ယောကျ်ားလေး ၃ ဦးလုံးဟာ တောင်ဒဂုံ စက်မှုဇုန် ၂ ထဲမှာ အလုပ်လုပ်ကိုင်နေသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
သူတို့ကို လိုက်လံဖမ်းဆီးသွားတဲ့ လူတွေဟာ နယ်မြေခံအဖွဲ့တွေ မဟုတ်ဘဲ အခြား စစ်သားစုဆောင်းရေးအဖွဲ့တခုက ဖြစ်တယ်လို့လည်း Scout Yangon က သတင်းထုတ်ပြန်ပါတယ်။


