၃၀ ဇန်နဝါရီ ၂၀၂၆
တောင်ညိုလမ်းမှာ ယာဉ်တိမ်းမှောက်ခဲ့တဲ့ ဇော်လေးနိုင်ဇာတ်သဘင်အဖွဲ့ က သေဆုံးသူနဲ့ ဒဏ်ရာရသူတွေကို မြန်မာ နိုင်ငံသဘင်အစည်းအရုံးက ထောက်ပံ့ငွေပေးအပ်ခဲ့တယ်လို့ အသိပေးထားပါတယ်။
ထောက်ပံ့ပေးအပ်ရာမှာ သေဆုံးသူ ၈ဦးအတွက် တစ်ဦးကို ကျပ် ၁၀ သိန်းနှုန်းထောက်ပံ့ခဲ့သလို ဒဏ်ရာရသူ ၁၄ ဦးအတွက် တစ်ဦးကို ကျပ် ၅သိန်း ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒဏ်ရာရရှိသူတွေကိုလည်းနေပြည်တော်
ခုတင် ၁၀၀၀ ဆေးရုံကြီးမှာဆေးကုသမှု
ဆောင်ရွက်ပေးလျှက်ရှိပြီး ကုသမှုအ တွက် လိုအပ်တဲ့ ကူညီတာတွေ လှုဒါန်းတာတွေဆောင်ရွက်ပေးသွားမယ်လို့ထုတ်ပြန်ကြေညာထားပါတယ်။
ဒါ့အပြင် သဘင်အဖွဲ့တွေအနေနဲ့လည်း ခရီးသွားလာကြရာမှာ မော်တော်ယာဉ်ကြံ့ခိုင်မှု၊ ယာဉ်မောင်းတွေရဲ့ကျွမ်းကျင်မှု ကို ပိုမိုဂရုပြုပေးကြရန်နဲ့ ဘေးကင်းလုံ ခြုံရေးအတွက် အစဉ်သတိရှိနိုင်ကြရန် ဖို့မေတ္တာရပ်ခံနှိုးထားပါတယ်။
သေဆုံးသူ ၈ ဦးအနက် အမျိုးသား ၆ ဦးနဲ့ အမျိုးသမီး ၂ ဦးပါဝင်ပြီး၊ ဒဏ်ရာရသူ ၁၄ ဉီးအနက် အမျိုးသား ၁၀ ဦးနဲ့ အမျိုး သမီး ၄ ဦး တို့ ဖြစ်ပါတယ်။
ယနေ့ ဇန်နဝါရီ ၃၀ ရက် မြန်မာနိုင်ငံသဘင်အစည်းအရုံးက ထုတ်ပြန်ချက်အရ မြို့ရွှေမန်းသားဖိုးချစ်ဇာတ်သဘင်အဖွဲ့နှင့် ပရိသတ်များမှလည်း အလှုငွေ ကျပ်သိန်း (၁၀၀) တိတိကို လှုဒါန်းခဲ့ကြသလို ဧရာဝတီဖောင်ဒေးရှင်းကလည်း ကျပ်သိန်း ၃၀၀ လှူဒန်းခဲ့ကြောင်း သိရသည်။
ပုံစာ-ချောက်အတွင်း အရှိန်လွန်ထိုးကျသွားသည့် ဇာတ်အဖွဲ့သားများပါဝင်သည့် ယာဉ်အား တွေ့ရစဉ်
ဓာတ်ပုံ-မွန်မြတ်သူ လူမှုကူညီရေးအသင်း


