Homeပြည်တွင်းသတင်းတောင်ညိုလမ်းမှာ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲထိုးကျပြီး ၁၂ ဦး သေဆုံး

တောင်ညိုလမ်းမှာ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲထိုးကျပြီး ၁၂ ဦး သေဆုံး

၂၉ ဇန်နဝါရီ ၂၀၂၆

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ တောင်ညိုလမ်းမှာ “ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့” ရဲ့ ကားတစ်စီး ချောက်ထဲထိုးကျပြီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ ဇာတ်သဘင်အဖွဲ့သား ၁၂ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

အဲ့ဒီ ဇာတ်သဘင်အဖွဲ့ဟာ တပ်ကုန်းမြို့နယ်ဘက်ကို ဖျော်ဖြေဖို့ သွားနေစဉ် ဇန်နဝါရီ ၂၈ ရက်နေ့မှာ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး ကားပေါ်မှာ လိုက်ပါလာတဲ့ ဇာတ်သဘင်အဖွဲ့သား ၂၇ ဦးအနက် ၁၂ ဦး အသက်ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။

ဖြစ်စဉ်ဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို) က ညတွင်းချင်းပဲ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို ချိတ်ဆက်ဆောင်ရွက်ပေးခဲ့ပြီး အခင်းဖြစ်ပွားရာနေရာကို အမှုဆောင်တွေ ကိုယ်တိုင် သွားရောက်ကာ လိုအပ်တဲ့ အကူအညီတွေ ပေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် သေဆုံးသွားခဲ့တဲ့ ဇာတ်သဘင်အဖွဲ့သားတွေ အတွက်လည်း အလွန်အမင်း စိတ်ထိခိုက်ကြေကွဲရကြောင်း မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို) က သတင်းထုတ်ပြန်ထားပါတယ်

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး