တောင်ငူ(ကေတုမတီ) လေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၁ လုံးပစ်ခတ်တိုက်ခိုက်ရာမှာ ၈ လုံးအောင်မြင်စွာ ပစ်ခတ်နိုင်ကြောင်း Brave Warriors for Myanmar (BWM) က မေလ ၁၈ ရက်မှာသတင်းထုတ်ပြန်ပါတယ်။
အဲ့ဒီ ပစ်ခတ်မှု မေလ ၁၈ ရက် မနက် ၁ နာရီ ၄၈ မိနစ် အချိန်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး Brave Warriors for Myanmar (BWM) အဖွဲ့ရဲ့ ဦးဆောင်စီမံမှု နဲ့ Mountain Knight Civilian Defense Forces (MKCDF)၊ Anti-Coup People’s Liberation Force (ACPLF) ၊ သံတောင်မြောက်ပိုင်း အထူးဒေသ အဖွဲ့ တို့ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၃၀ ရက် က တောင်ငူအခြေစိုက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ တောင်ငူ(ကေတုမတီ) လေတပ်ကို Brave Warriors for Myanmar (BWM) အဖွဲ့က ဦးဆောင်ပြီး တိုက်ဒုံးတွေ နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။
အဲ့ဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်က လေတပ်ရဲမေနဲ့ လေတပ်အရာရှိတွေ အပါအဝင် ၁၁ ဦးသေဆုံးပြီး အဆာက်အဦးများ မီးလောင်ပျက်စီးခဲ့ Brave Warriors for Myanmar (BWM) ကထုတ်ပြန်ထားပါတယ်။
အခုပစ်ခတ်တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုအခြေအနေကို ဆက်လက် စုံစမ်းနေတယ်လို့လည်း Brave Warriors for Myanmar (BWM) ထုတ်ပြန်ထားပါတယ်။