Homeပြည်တွင်းသတင်းတောင်ငူမှာ အသက် ၁၂ အရွယ် သမီးအရင်းဖြစ်သူကို အဓမ္မပြုကျင့်ခဲ့တဲ့ ဖခင် ကို ထောင်ဒဏ် နှစ် ၆၀ ချမှတ်

တောင်ငူမှာ အသက် ၁၂ အရွယ် သမီးအရင်းဖြစ်သူကို အဓမ္မပြုကျင့်ခဲ့တဲ့ ဖခင် ကို ထောင်ဒဏ် နှစ် ၆၀ ချမှတ်

၂၂ နိုဝင်ဘာ ၂၀၂၅

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်မှာ အသက် ၁၂ နှစ်အရွယ် သမီးအရင်းဖြစ်သူကို အဓမ္မပြုကျင့်ခဲ့တဲ့ ဖခင်ကို တောင် ငူခရိုင်တရားရုံးက ထောင်ဒဏ် နှစ် ၆၀ ကျခံဖို့ အမိန့်ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့သူတွေဆီက‌ သိရပါတယ်။

ပြစ်မှူကျူးလွန်သူဟာ မောင်ခိုင် (ခ) ဇော်ခိုင်ဆိုသူကို ပြစ်မှုကျူးလွန်ကြောင်း ထင် ရှားတဲ့အတွက် တောင်ငူခရိုင် တရား ရုံးက နိုဝင်ဘာ ၂၀ ရက်နေ့မှာ ရာဇသတ်ကြီးပုဒ်မ-၃၇၆ (၁)အရ အလုပ်ကြမ်း နဲ့ ထောင်ဒဏ် နှစ် ၆၀ ချမှတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီဖြစ်စဥ်ဟာ လွန်ခဲ့တဲ့ ဇူလိုင်လအ တွင်းမှာ တောင်ငူမြို့နယ် ဒိုးအင်းကျေး ရွာအုပ်စုမှာဖြစ်ပွားခဲ့တာဖြစ်ပြီးအဓမ္မပြုကျင့်ခံရတဲ့အသက် ၁၂ နှစ်အရွယ် သမီးနဲ့ ၁၄နှစ်အရွယ် သမီးနှစ်ယောက်ဟာ နေအိမ်ထဲ အတူအိပ်နေချိန်မှာ ဖခင်ဖြစ်သူက သမီးအကြီးကို အဓမ္မပြုဖို့ကြံစည်ရာ မအောင်မြင်တဲ့အတွက် သမီးငယ်ကို ခေါ်ယူကာ အဓမ္မပြုကျင့်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပြစ်မှုကျူးလွန်ခဲ့တဲ့ ဖခင်ကိုတော့ ဖြစ်စဥ် ဖြစ်ပွားပြီးနောက်ရက်မှာပဲ သက်ဆိုင် ရာ ရဲစခန်းက ဖမ်းဆီး စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီး၊တရားစွဲဆိုတင်ပို့ရာ ၄ လကျော်အကြာမှာ အခုလို ထောင်ဒဏ်နှစ်ရှည်ချမှတ်လိုက်တာ ဖြစ်တယ်လို့သိရပါတယ်။

ဓာတ်ပုံ-လူမှုကွန်ရက်

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး