၁ ဖေဖော်ဝါရီ ၂၀၂၆
တောင်ငူမြို့ ၁၉ ရပ်ကွက် ၊မြင်းဖြူအင်းစေတီအနီးမှာရှိတဲ့ရှိ လူနေအိမ်တစ်လုံး ဝါယာရှော့ဖြစ်တာကနေ မီးလောင်ကျွမ်းခဲ့တာကြောင့် အသက် ၅၀ကျော်အမျိုး သမီးတဦး မီးသင့်သေဆုံးခဲ့တယ်လို့ ဒေသခံ ပရဟိတအဖွဲ့တွေဆီကနေ သိရပါတယ်။
အဲ့ဒီ မီးလောင်မှုဟာ ဒီကနေ့ ဖေဖော်ဝါရီ ၁ မနက် အစောပိုင်း ၃နာရီအချိန်ခန့်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး၊ မီးလောင်မှုအတွင်း အခြား အခြားသူနှစ်ဦးလည်း မီးသင့်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
“သေတဲ့အမျိုးသမီးက အိပ်ခန်းထဲမှာအိပ်နေတာလို့သိရတယ်။ အသက် ငါးဆယ်ကျော်ပေါ့။ မီးလောင်ဒဏ်ရာကြောင့် တော်တော် ရုပ်ပျက်နေတာ။ တောင်ငူဆေးရုံကိုတော့ ပို့ထားလိုက်ပါပြီ”လို့ ဆိုပါတယ်။
မီးလောင်ပြင်ကို မြို့နယ်မီးသတ်စခန်းက မီးငြိမ်းသတ်ယာဉ် ၄စီး၊ ရေသယ်ယာဥ် ၁ စီး၊ Taungoo Rescue (T-Rescue) အ ရေးပေါ်ကယ်ဆယ်ရေးပရဟိတအဖွဲ့မှမီးငြိမ်းသတ်ယာဉ် ၁ စီး၊တောင်ငူမြို့ပရ ဟိတအသင်းတွေနဲ့အတူ ထွက်ခွာငြိမ်းသတ်ခဲ့ကြတယ်လို့ သိရပါတယ်။
မီးငြိမ်းသတ်တာနဲ့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းစဉ်ကို မနက် ၅ နာရီအထိလုပ် ဆောင်ခဲ့ကြရတယ်လို့သိရပါတယ်။
ဓာတ်ပုံ -CJ


