Homeပြည်တွင်းသတင်းတောင်ငူမြို့ရဲ့ စစ်တောင်းမြစ်ရေဟာ တနာရီကို ၁ စင်တီမီတာနှုန်းနဲ့မြင့်တက်နေ၊ စိုးရိမ်ရေမှတ်အထက် ၆၂၃ စင်တီမီတာကိုရောက်ရှိ

တောင်ငူမြို့ရဲ့ စစ်တောင်းမြစ်ရေဟာ တနာရီကို ၁ စင်တီမီတာနှုန်းနဲ့မြင့်တက်နေ၊ စိုးရိမ်ရေမှတ်အထက် ၆၂၃ စင်တီမီတာကိုရောက်ရှိ

၃၀ ဩဂုတ်၂၀၂၅

တောင်ငူမြို့ရဲ့ စစ်တောင်းမြစ်ရေဟာ တနာရီကို ၁ စင်တီမီတာနှုန်းနဲ့မြင့်တက်လာနေပြီး စိုးရိမ်ရေမှတ်အထက် ၆၂၃ စင်တီမီတာကိုရောက်ရှိနပြီဖြစ်တယ်လို့ ဒေသခံလူမှုကူညီကယ်ဆယ်ရေးတာ ဝန်ခံတဦးက New Day Myanmar ကိုပြောပါတယ်။

ဒီနေ့ ဩဂုတ် ၃၀ ရက် မနက်ပိုင်းမှာ တောင်ငူမြို့ရဲ့ စစ်တောင်းမြစ်ရေဟာ စိုးရိမ်ရေမှတ်အထက် ၆၁၂ စင်တီမီတာသို့ ရေုက်ရှိနေရာကနေ ညနေပိုင်းမှာ ၆၂၃ စင်တီမီတာကိုရောက်ရှိလာတာဖြစ်တယ်လို့ ဆိုပါတယ်။

“အခု မြစ်ရေထပ်တက်နေတယ်။ တစ်နာရီကို ၁ ဒဿမ ၅ နီးပါးလောက်တက်နေတယ်။ ဒါတောင် အခုမိုးမရွာဘူး။ မိုးလေဝသသတင်းရ မုန်တိုင်အရှိန်နဲ့ မိုးထပ်ရွာမယ်ဆိုရင်တော့ ပိုးဆိုးလာနိုင်တယ်။ စောင့်ကြည့်နေပါတယ်၊ အခုတော့ ဆိုးဆိုးရွားရွား မဟုတ်သေးပါဘူး။ နှစ်စဉ် ကြုံတွေ့နေရတဲ့အခြေအနေမျိုးဘဲရှိပါတယ်” လို့ သူက ဆိုပါတယ်။

လတ်တလော တောင်ငူမြို့ကြက်လျှာဇွန်း အနိမ့်ပိုင်းနေရာတွေမှာရေ၀င်ရောက်နေသလို အလယ်ကျွန်း ရွှေရှိုင်းလမ်းမှာလည်း ရေဝင်ရောက်နေပြီဖြစ်တယ်လို့ သိရပါတယ်။

တောင်ငူမြို့မှာစစ်တောင်းမြစ်ရေတက်တဲ့ကြောသ့် ယခုတနှစ်အတွင်း ၄ကြိမ် ရေဘေးသင့်ခံရတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီနေ့ တောင်ငူမြို့ရဲ့ စစ်တောင်းမြစ်ရေဟာ စိုးရိမ်ရေအမှတ်အထက် ပေဝက်ခန့် ကျော်လွန်နေပြီး နောက် ၁ ရက်အတွင်းမှာ ၁ ပေခွဲခန့်မြင့်တက်လာနိုင်တယ်လို့

စစ်ကော်မရှင်လက်အောက်ခံ မိုးလေဝသဌာနက အသိပေးထားပါတယ်။

ဓာတ်ပုံ-ကျော်သူရ

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး