၃ ဒီဇင်ဘာ၊ ၂၀၂၄
တောင်ကိုရီးယားသမ္မတ Yoon Suk Yeol က ဒီဇင်ဘာလ ၃ ရက် ညပိုင်းမှာ တောင်ကိုရီးယားအစိုးရ အုပ်ချုပ်ရေးကို အတိုက်အခံတွေက ပျက်ပြားအောင် လုပ်ဆောင်နေပြီး မြောက်ကိုရီးယားဘက်ကို ယိမ်းယိုင်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အရေးပေါ် စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပါတယ်။
ကြေညာပြီး နာရီပိုင်းအတွင်းမှာ အတိုက်အခံကိုယ်စားလှယ်တွေအပါအဝင် လွှတ်တော်အမတ်တွေက အရေးပေါ် အစည်းအဝေးခေါ်ယူပြီး အရေးပေါ် အမိန့်ကို ဖျက်သိမ်းဖို့ မဲခွဲဆုံးဖြတ်ရာမှာ မဲ ၁၉၀ ထောက်ခံခဲ့တဲ့အတွက် လွှတ်တော်ဥက္ကဌက စစ်တပ်ကို ပြန်လည်ဆုတ်ခွာဖို့ အမိန့်ပေးခဲ့ပါတယ်။
လွှတ်တော်အမတ်တွေ လွှတ်တော်ဝင်းထဲဝင်လို့မရအောင် စစ်တပ်နဲ့ အထူးတပ်ဖွဲ့တွေက တားဆီးခဲ့ပေမယ့် အမတ်တွေက အုတ်တံတိုင်းတွေကို ကျော်တက်ပြီး ဝင်ရောက်ခဲ့ရတာ ဖြစ်ပါတယ်။
လွှတ်တော်ဥက္ကဌက စစ်အုပ်ချုပ်ရေးမှာ ပြည်သူ့ကိုယ်စားလှယ်ေတွ မဲခွဲဆုံးဖြတ်မှုအရ ပျက်ပြယ်ကြောင်း ကြေညာပြီးနောက် စစ်တပ်က ပြန်လည်ဆုတ်ခွာတာကို လွှတ်တော်ရှေ့ ဆန္ဒပြနေတဲ့ ပြည်သူတွေကလည်း တောင်ကိုရီးယား စစ်တပ်ကို လက်ခုပ်တီးအားပေးခဲ့ကြပါတယ်။
အခု စစ်အုပ်ချုပ်ရေးကြေညာမှုဟာ ၁၉၈၀ နောက်ပိုင်းမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး နာရီပိုင်းသာ ကြာမြင့်ခဲ့ပါတယ်။
ပုံစာ- လွှတ်တော်ရှေ့မြင်ကွင်း
Photo – CNA