Homeပြည်တွင်းသတင်းတီးတိန်မြို့နယ်ကို စစ်ကြောင်းထိုးချိန်မှာ အသက်မပြည့်သေးတဲ့မိန်းကလေးကို စစ်ကောင်စီတပ်သားတွေ အဓမ္မပြုကျင့်

တီးတိန်မြို့နယ်ကို စစ်ကြောင်းထိုးချိန်မှာ အသက်မပြည့်သေးတဲ့မိန်းကလေးကို စစ်ကောင်စီတပ်သားတွေ အဓမ္မပြုကျင့်

၈ ဇူလိုင်၊ ၂၀၂၄

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ကို စစ်ကောင်စီ တပ်တွေ စစ်ကြောင်းထိုးချိန်မှာ မွာလ်ပီးရွာက အသက်မပြည့်သေးတဲ့ မိန်းကလေးတစ်ဦးကို စစ်ကောင်စီ တပ်သားတွေ အဓမ္မပြုကျင့်ခဲ့တယ်လို့ CDF CDM SIYIN ရဲ့သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ ဇူလိုင်လ ၅ ရက် မနက် ၆ နာရီဝန်းကျင်မှာ ကလေးမြို့ဘက်က တီးတိန်မြို့နယ်ဘက်ကို ကားသုံးစီးနဲ့ စစ်ကြောင်းတက်လာပြီး မွာလ်ပီးရွာနားမရောက်ခင် ကားတွေ ထားပြီး ခြေကျင်တက်လာတယ်ပြီး နေအိမ်တွေကို ရှာဖွေနေတုန်းမှာ ဒေသခံမိန်းကလေးကို တွေ့ပြီး အဓမ္မပြုကျင့်ခဲ့တာ ဖြစ်တယ်လို့ဆိုပါတယ်။

ဒေသခံမိန်းကလေးမှာ ၁၅ နှစ်ပဲ ရှိသေးပြီး စစ်ကြောင်းဝင်လာချိန် မွာလ်ပီးရွာသားတွေ ထွက်ပြေးနေချိန်မှာ နေအိမ်ပြန်ပြီး ထမင်းချက်တဲ့ အဲ့ဒီ့မိန်းကလေးကို စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးက ဓားနဲ့ထောက်ပြီး အော်ရင်သတ်မယ်လို့ခြိမ်းခြောက်ကာ အဓမ္မပြုကျင့်ခဲ့ပါတယ်။

အဓမ္မပြုကျင့်ခံရတဲ့ မိန်းကလေးကို စစ်ကြောင်းမှာ ပါလာတဲ့အရာရှိက ငွေကြေးလျော်ပေးပြီး လက်ခံဖို့နဲ့ လက်မခံရင် ကျူးလွန်တဲ့သူနဲ့လက်ထပ်ပေးမယ်လို့ ပြောဆိုခဲ့တာကြောင့် မိန်းကလေးနဲ့မိခင်ဖြစ်သူဟာ လျော်ကြေးငွေလက်ခံပြီး ရွာက ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

ဇူလိုင်လ ၅ ရက်မှာ အဆိုပါ မွာလ်ပီးရွာက အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦးကိုလည်း အဓမ္မပြုကျင့်ဖို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကြိုးစားခဲ့တယ်လို့ သိရပါတယ်။ သမီးကို အိမ်ထဲခေါ်သွားပြီး အမေကို အပြင်မှာနေခိုင်းပြီး အဓမ္မပြုကျင့်ဖို့ကြိုးစားချိန်မှာ စစ်ကြောင်းထဲ ပါလာတဲ့အရာရှိက အော်သံကြားလို့ မေးတော့မှ ပြန်လွှတ်ပေးလိုက်တယ်လို့သိရပါတယ်။

“ဤကိစ္စ နှင့် ပတ်သက်၍ CDF CDM SIYIN မှ စကစလုပ်ရပ်များကို ရှုတ်ချကြောင်းနှင့် အပြင်းထန်ဆုံး ပြန်လည် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လက်ရှိ နစ်နာသူ မ စီးယင်း(နာမည်ပြောင်း) အသက် (၁၃-၁၅) နှစ် ဝန်းကျင် ၏ အနာဂတ်လုံခြုံမှု မှအစ အစစအရာရာကို တာဝန်ယူသွားမည်ဖြစ်ကြောင်း ဖော်ပြအပ်ပါသည်။” လို့ CDF CDM SIYIN ရဲ့ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အင်အားတစ်ရာဝန်းကျင်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ချင်းတောင်ပေါ် ဆက်မတက်တော့ဘဲ မွာလ်ပီးရွာကနေ ဇူလိုင်လ ၅ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်မှာ ကလေးမြို့ဘက် ပြန်ဆင်းသွားတယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

Most read