Homeပြည်တွင်းသတင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ နိုင်ငံမှခွဲထွက်ပြီး နိုင်ငံသစ်ထူထောင်မယ်ဆိုတဲ့ သတင်းတွေဟာ အမှားသာ ဖြစ်တယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က သတိပေးထုတ်ပြန်

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ နိုင်ငံမှခွဲထွက်ပြီး နိုင်ငံသစ်ထူထောင်မယ်ဆိုတဲ့ သတင်းတွေဟာ အမှားသာ ဖြစ်တယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က သတိပေးထုတ်ပြန်

၂၉ ဇူလိုင်၊ ၂၀၂၄

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေ နိုင်ငံက ခွဲထွက်ပြီး နိုင်ငံသစ်ထူထောင်မယ်ဆိုတဲ့ သတင်းတွေဟာ သတင်းတု၊ သတင်းမှားတွေသာ ဖြစ်တယ်လို့ MNDAA ၊ TNLA နဲ့ AA တို့ရဲ့ ညီနောင်မဟာမိတ် (၃)ဖွဲ့က ဇူလိုင် ၂၈ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်းတု သတင်းမှားတွေဟာ ညံ့ဖျင်းတဲ့ တရုတ်ဘာသာအရေးအသားနဲ့ တိကျမှန်ကန်မှုမရှိတဲ့ရေးပုံရေးနည်း ၊ Photoshop ကို သုံးပြီး ညီနောင်မဟာမိတ်အဖွဲ့တွေရဲ့ တံဆိပ်များကို အသုံးပြုပြီး ဆယ်စောင်ထက်မနည်းတဲ့ သတင်းထုတ်ပြန်ချက်တွေကို ဆက်သွယ်ရေးကွန်ယက်ကို အသုံးပြုပြီး ဖြန့်ဝေနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုလို အသိညဏ်မဲ့၊ အောက်တန်းကျပြီး နိုင်ငံရေးအရ ထိုးနှက်တိုက်ခိုက်နေတဲ့ လူ၊ အဖွဲ့အစည်းတွေ အနေနဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့အမည် တံဆိပ်တုံးတွေကို သုံးပြီး သတင်းအချက်အလက်အတုတွေ ဖြန့်ဝေနေတာဟာ အီလက်ထရွန်းနစ် ဥပဒေနဲ့ လူ့ကျင့်ဝတ်ကို ပြင်းထန်စွာ ချိုးဖောက်နေတာ ဖြစ်ကြောင်းနဲ့ မိမိတို့အဖွဲ့အစည်းကို တိုက်ခိုက်သူတွေအနေနဲ့ တချိန်မှာ ပြင်းထန်စွာ အရေးယူခံရမှာ ဖြစ်ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က သတိပေးစာ ထုတ်ပြန်ထားပါတယ်။

ဆက်စပ် သတင်းများ

Most read