Homeပြည်တွင်းသတင်းတိုက်ပွဲမရှိတဲ့ကျောက်ပန်းတောင်းမြို့နယ်ကို စစ်ကောင်စီလေကြောင်းက ဗုံးကြဲတဲ့အတွက် ဒေသခံမိသားစုဝင် ၄ ဦးသေဆုံး

တိုက်ပွဲမရှိတဲ့ကျောက်ပန်းတောင်းမြို့နယ်ကို စစ်ကောင်စီလေကြောင်းက ဗုံးကြဲတဲ့အတွက် ဒေသခံမိသားစုဝင် ၄ ဦးသေဆုံး

၂ စက်တင်ဘာ၊ ၂၀၂၄

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်က မြင်းခြံကုန်းရွာနဲ့ သနပ်ပင်ရွာတွေကို စက်တင်ဘာ ၁ ရက် မနေ့က ညနေပိုင်းမှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီက လေကြောင်း ဗုံးကြဲချသွားတဲ့အတွက် မြင်းခြံကုန်းရွာက ဒေသခံမိသားစုဝင် လေးဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မနေ့က ညနေ ၆ နာရီဝန်းကျင်မှာ ကျောက်ပန်းတောင်းနဲ့ တောင်သာမြို့နယ်ချင်းထိစပ်နေတဲ့ ရွာနှစ်ရွာ ကို ဗုံးကြဲခဲ့တာ ဖြစ်ပြီး သနပ်ပင်ရွာမှာ လူအသေအပျောက်မရှိပေမဲ့ မြင်းခြံကုန်းရွာက ဗုံးကျရောက် တဲ့နေရာက ဒေသခံတစ် မိသားစုလုံး နေရာမှာပဲ သေဆုံးတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ကျောက်ပန်းတောင်းမြို့နယ်တဝိုက်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့အတွက် လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုတွေ ဖြစ်ပွားဖူးခြင်း မရှိခဲ့ဘဲ အခုတော့ ရွာလုံးကျွတ် တိမ်းရှောင်နေတယ်လို့ ဒေသခံများက ဆိုပါတယ်။

ဩဂုတ်လ ၃၁ ရက်က ကျောက်ပန်းတောင်းမြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေ လိုက်ပါ စီးနင်းလာတဲ့ ကားကို ကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ခတ် တိုက်ခိုက်ပြီး ဒုရဲမှူး တစ်ဦးအပါအဝင် ရဲတပ်ဖွဲ့ဝင် သုံးဦး သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် ကျောက်ပန်းတောင်းမြို့နယ်နဲ့ နယ်မြေချင်းထိစပ်နေတဲ့ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးမြို့ နယ်တွေမှာ မြင်းခြံစစ်ဆင်ရေး အမည်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီ တပ်စခန်းတွေကို သိမ်းယူနိုင်ဖို့ တိုက်ပွဲဝင်နေပြီး တိုက်ပွဲမှာ ရက် ၂၀ကျော် ပြင်းထန်နေသေးတဲ့အတွက် စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်မှုတွေ ရှိနေပါတယ်။

ဆက်စပ် သတင်းများ

Most read