Homeပြည်တွင်းသတင်းတိုက်ပွဲမရှိတာ ၆ လကျော်ကြာပြီဖြစ်တဲ့ မြောက်ဦးမြို့လူနေရပ်ကွက်ပေါ် စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်

တိုက်ပွဲမရှိတာ ၆ လကျော်ကြာပြီဖြစ်တဲ့ မြောက်ဦးမြို့လူနေရပ်ကွက်ပေါ် စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်

၁၁ ဩဂုတ်၊ ၂၀၂၄

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့က လူနေရပ်ကွက်ကို ဩဂုတ်လ ၁၀ ရက် နေ့လည်၁၂ နာရီခွဲ ဝန်းကျင်မှာ လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အမျိုးသမီးတစ်ဦး၊ ကလေးငယ်တစ်ဦးအပါအဝင် လူ ၆ ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အာရက္ခတပ်တော် (AA)က သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီလေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မြောက်ဦးဟိုတယ် အနီးအနားပတ်ဝန်းကျင်နဲ့ လမ်းမပေါ်ကို ကျရောက်ပေါက်ကွဲထိမှန်ခဲ့ပြီး အနှေးယာဉ် (တုတ်တုတ်) တစ်စီးပေါ်မှာ လိုက်ပါလာတဲ့ ခရီးသွားပြည်သူတွေနဲ့ အနီးပတ်ဝန်းကျင်က အပြစ်မဲ့အရပ်သားပြည်သူ (၆) ဦး သေဆုံးခဲ့ပြီး (၁၀) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ AA ရဲ့သတင်းထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

ဩဂုတ်လ ၆ ရက် ည ၂ နာရီခွဲကလည်း မြောက်ဦးက အရပ်သားပြည်သူတွေ ဆေးကုသနေတဲ့ ဆေးရုံတစ်ရုံကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ မြောက်ဦးမှာ တိုက်ပွဲမဖြစ်တာ ရက်ပေါင်း ၁၈၅ ရက်ရှိပြီဖြစ်ပြီး စစ်ကောင်စီ ကင်းစင်တဲ့မြို့တစ်မြို့ ဖြစ်ပါတယ်။

ပုံစာ – (၂၀၂၄ ခုနှစ် ဇန်နဝါရီလက မြောက်ဦးမြို့ကို စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် အပျက် အစီးများကိုတွေ့ရစဉ်)

ဆက်စပ် သတင်းများ

Most read