Homeပြည်တွင်းသတင်းတိုက်ပွဲဖြစ်နေတဲ့ မြန်မာဘက်ခြမ်းက လက်နက်ကြီးကျည်တွေ ထိုင်းဘက်ခြမ်းကျရောက်လို့ ထိုင်းကပြန်လည်သတိပေးပစ်ခတ်

တိုက်ပွဲဖြစ်နေတဲ့ မြန်မာဘက်ခြမ်းက လက်နက်ကြီးကျည်တွေ ထိုင်းဘက်ခြမ်းကျရောက်လို့ ထိုင်းကပြန်လည်သတိပေးပစ်ခတ်

၂၃ နိုဝင်ဘာ ၂၀၂၆

တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ထိုင်း-မြန်မာနယ်စပ် မြန်မာဘက်ခြမ်းက လက်နက် ကြီးကျည်တွေထိုင်းဘက်ခြမ်းကျရောက် လို့ ထိုင်းကပြန်လည်သတိပေးပစ်ခတ်ခဲတယ်လို့ ထိုင်းစစ်တပ်က မနေ့က နိုဝင် ဘာ ၂၂ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

မြဝတီခရိုင်၊ မင်းလက်ပံကျေးရွာမှာ စစ်အုပ်စုနဲ့ ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော် (KNLA)တော်လှန်ရေးပူးပေါင်းတပ်တွေအကြား တိုက်ပွဲပြင်း ထန်နေပြီး အဲဒီတိုက်ပွဲအတွင်း မြန်မာစစ်တပ်ဘက်က ပစ်ခတ်တဲ့ကျည်တွေ ထိုင်းဘက်ကို ကျရောက်ခဲ့လို ထိုင်းဘက်ခြမ်းက ၁၂၀ မမ လက်နက်ကြီးဖြင့် ပြန်လည်သတိပေးပစ်ခတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီပစ်ခတ်မှုကို ဘေးလွတ်ကင်းတဲ့ နေရာကို ချိန်ရွယ်ပြီး သတိပေးပစ်ခတ်တဲ့အနေနဲ့ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ထိုင်းကာကွယ်ရေးတပ်မတော်အနေနဲ့ နယ်စပ်ဒေသအခြေအနေနှင့် ပတ်သက် ပြီး ၂၄ နာရီအမြဲ တင်းကြပ်စွာ သတိပြုကြောင်း၊ အိမ်နယ်မြေထဲသို့ တိုက်ခိုက်ခြင်း သို့မဟုတ် ပြည်သူထုထိခိုက်မှု ဖြစ် ပွားပါက ချက်ချင်း တုံ့ပြန်ဆောင်ရွက်မည်ဟု အသိပေးကြေညာထားပါတယ်

မြန်မာဘက်က ၁၂၀ မမ လက်နက်ကြီးကျည်အချို့ ထိုင်းဘက်ခြမ်းက မဲ့ကို့ကင်းရွာ ရပ်ကွက် ၄ ဘက်ကို ကျရောက် ပေါက်ကွဲတာကြောင့် လူနေအိမ်တချို့နဲ့ မော်တော်ယာဉ်တစ်စီးကို ထိမှန်ခဲ့တာကြောင့် ပျက်စီးခဲ့ပြီး လူထိခိုက်သေဆုံးတာတော့ မရှိဘူးလို့ ဆိုပါတယ်။

ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် မင်းလက်ပံဘက်က တိုက်ပွဲတွေကြောင့် ထိုင်းဘက်ကိုရှောင်လာတဲ့ မြန်မာဒုက္ခသည် ၁၂၂ ဦးရှိပြီး အဲဒီလူတွေကို ထိုင်းဘက်က လူသားစာနာအကူအညီတွေပေးပြီး စောင့်ရှောက်ထားတယ်လို့ ထိုင်းစစ်တပ်က ပြောထားပါတယ်။

ဓာတ်ပုံ-Royal Thai Army

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး