Homeပြည်တွင်းသတင်းတိုက်ပွဲပြန်လည်ပြင်းထန်နေပြီး ဒီပဲယင်းမြို့က တော်လှန်ရေးတပ်တွေ ယာယီဆုတ်ခွာ

တိုက်ပွဲပြန်လည်ပြင်းထန်နေပြီး ဒီပဲယင်းမြို့က တော်လှန်ရေးတပ်တွေ ယာယီဆုတ်ခွာ

၁၉ ဩဂုတ်၊ ၂၀၂၄

စစ်ကိုင်းတိုင်း ၊ ဒီပဲယင်းမြို့ကိုး ဩဂုတ်လ ၁၈ ရက် မနက်ပိုင်းမှာ သိမ်းပိုက်လိုက်နိုင်ကြောင်း အတည်ပြု ထုတ်ပြန်ပေမဲ့ စစ်ကောင်စီတပ်တွေ လေကြောင်းကတိုက်ခိုက်ပြီး အင်အားသုံး စစ်ကြောင်းထိုးလာတဲ့အတွက် အဲ့ဒီ့နေ့မှာပဲ တော်လှန်ရေးတပ်တွေ မြို့တွင်းက ယာယီဆုတ်ခွာထားတယ်လို့ သိရပါတယ်။

ဩဂုတ်လ ၁၆ ရက်ကစပြီး မြို့သိမ်းတိုက်ပွဲ ဆင်နွှဲခဲ့တဲ့ ဒီပဲယင်းမြို့သိမ်းတိုက်ပွဲဟာ ၁၇ ရက်မှာ စစ်ကောင်စီ တပ်စခန်းတွေကို ထိန်းချုပ်ပြီး သိမ်းပိုက်ထားနိုင်ပေမဲ့ စစ်ကောင်စီက ဩဂုတ်လ ၁၇ ရက်မှာ စစ်ကူပို့ခြင်း ၊ လေကြောင်းက အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်ခြင်းတွေ လုပ်ခဲ့တဲ့အတွက် ယာယီဆုတ်ခွာရတာဖြစ်တယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်ဘက်က ထုတ်ပြန်ကြေညာထားပါတယ်။

ဒီပဲယင်းမြို့ကို NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်က အမှတ်(၁)စစ်ဒေသ ရွှေဘိုခရိုင်ကွပ်ကဲရေး အဖွဲ့ကွပ်ကဲမှုနဲ့ ရွှေဘိုခရိုင်အတွင်းက တပ်ရင်းတွေနဲ့ ရွှေဘိုခရိုင်ပကဖ၊ ဒီပဲယင်းမြို့နယ် ပကဖ၊ ဘုတလင်မြို့နယ် ပကဖတို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

မြို့သိမ်းတိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်သားတချို့နဲ့ ပျူစောထီးတွေ ထွက်ပြေးသွားပြီး ကျန်ခဲ့တဲ့ တပ်ဖွဲ့ဝင် တွေထဲက အလံဖြူထောင် လက်နက်ချ အလင်းဝင်လာသူ ပျူစောထီးနှစ်ဦး၊ Non CDM ဝန်ထမ်း ၄၁ဦးနဲ့ မိသားစုဝင် ၈၀ဦး စုစုပေါင်း ၁၂၃ဦး ရှိတယ်လို့ ပကဖတပ်တွေဘက်က ကြေညာထားပါတယ်။

ပုံစာ – (ဒီပဲယင်းမြို့ကို ဝင်ရောက်သိမ်းပိုက်ထားတဲ့ တော်လှန်ရေးတပ်များ)

ဆက်စပ် သတင်းများ

Most read