Homeပြည်တွင်းသတင်းတိုက်ပွဲတွေကြောင့် ရခိုင်မှာ စာမေးပွဲဖြေဆိုသူ တဝက်ကျော်သာရှိ

တိုက်ပွဲတွေကြောင့် ရခိုင်မှာ စာမေးပွဲဖြေဆိုသူ တဝက်ကျော်သာရှိ

၁၉ မတ်၊ ၂၀၂၅

တိုက်ပွဲဖြစ်ပွားနေတဲ့ ရခိုင်မှာ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ ထက်ဝက်ကျော်သာရှိတယ်လို့ စစ်ကောင်စီပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့အချက်အလက်တွေအရ သိရပါတယ်။

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုဖို့ ၃၂၆၄ ဦးစာရင်းပေးသွင်းထားပြီး ၁၅၆၄ ဦးသာဝင်ရောက်ဖြေဆိုခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့အချင်အလက်တွေအရ ပျက်ကွက်သူ ၁၇၀၀ ရှိပြီး ၄၇ ဒသမ ၉၂ ရာခိုင်နှုန်းသာ ဖြေဆိုမှုရှိတယ်လို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ စာမေးပွဲဖြေဆိုရန် စာရင်းသွင်းထားသူ ကျောင်းသား /ကျောင်းသူ ၂၂၀,၈၄၃ ဦးရှိပြီး ၂၀၈,၈၈၉ ဦးသာ ဝင်ရောက်ဖြေဆိုခဲ့တာဖြစ်ပါတယ်။

ပုံစာ – ၂၀၂၃ ခုနှစ်က ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ရှိ ရွာတရွာတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုနေကြစဉ်
ဓါတ်ပုံ – MOI

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး