ရန်ကုန်မြို့ တာမွေမြို့နယ် သံလမ်းမှတ် တိုင်အနီးမှာ ဒီကနေ့ စက်တင်ဘာ ၃၀ ရက် မနက်အစောပိုင်းက ဈေးကြိုကားတစီးအပါ ယာဉ် ၄ စီးကိုဆင့်တိုက်မှုဖြစ် ပွားခဲ့တာကြောင့်လူ ၉ ဦး ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ ရှင်သန်ရေးကူညီမှုအ သင်း(YRO)ဆီကနေ သိရပါတယ်။
အဲဒီ ယာဉ်တိုက်မှုဟာ သီရိမင်္ဂလာဈေးကနေ စံပြဈေးကို ဈေးကြိုပြန်လာချိန်မှာ လေးတောင့်ကန်လမ်းနဲ့ ပင်ရွှေညောင်လမ်းတောင့်အနီးမှာဖြစ်ပွားခဲ့တာဖြစ်ပြီး
ဘယ်လိုအခြေအနေကြောင့် တိုက်မိကြတယ်ဆိုတာကိုတော့ အတိအကျမသိဘူးလို့ ဆိုပါတယ်။
ဖြစ်စဉ်မှာ အမျိုးသမီး ၇ ဦး အမျိုးသား ၂ ဦး မစိုးရထိခိုက်ဒဏ်ရတွေရခဲ့တာကြောင့် စံပြဆေးရုံးကြီးကို ပို့ဆောင်ထားတယ်လို့ ကူညီကယ်ဆယ်ဆောင်ရွက်ပေးတဲ့ YRO အသင်းက အသိပေးထားပါတယ်။
ဖြစ်စဉ်နေရာကို မြန်မာတိုင်ငံမီးသတ်တပ်ဖွဲ့၊ရှာ/ကယ်တပ်ဖွဲ့ဝင်တွေအပါ တာမွေကြက်ခြေနီ၊ နယ်မြေခံလူမှုကူညီရေးအသင်းတွေနဲ့အခြားသောမိတ်ဖက်လူမှုကူညီရေးအသင်းတွေကစုပေါင်းပြီးကူညီမှုတွေလုပ်ဆောင်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက မင်္လာတောင်ညွှန့်မြို့ နယ် ကြက်ဘဲဈေးအရှေ့မှာ ကြက်တင်ကား ၃ စီး ရှေ့ဆင့်နောက်ဆင့် တိုက်မှုဖြစ်ပွားခဲ့ပါသေးတယ်။
ဓာတ်ပုံ-YRO


