ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့မှာ ဒီကနေ့ အောက်တိုဘာ ၅ ရက် မတက်ပိုင်း အချိန်က ယာဉ်ဆင့်တိုက်မှုတခု ဖြစ်ပွားခဲ့ရာကနေ ၁ နှစ်သားအရွယ် ကလေးနှင့်မိခင်ဖြစ်သူတို့ နေရာမှာတင်ပွဲ ချင်းပြီးသေဆုံးခဲ့သလို ၄ ဦး ပြင်းထန်ဒဏ်ရာတွေရရှိခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်ကို သိရှိတဲ့သူတဦးပြောပြချက်အရ တာချီလိတ်မြို့ အထက်တန်း ကျောင်းလမ်းဆုံမှာ အိမ်စီးကားတစီးဟာဆိုင်ကယ်တစီးကိုတိုက်မိပြီးမောင်းနှင်ထွက်ပြေးရာကနေ နောက်ထပ်ကားနဲ့ဆိုင်ကယ်တွေ၊ လမ်းသွားလမ်းလာတွေကို ဆက်တိုက်ဝင်ရောက်တိုက်မိတဲ့ ဖြစ် စဉ်တစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။
“သူက ဆိုင်ကယ်ကို ဝင်တိုက်မိပြီး မဖြေရှင်းဘဲ ထွက်ပြေးတာ။ လမ်းတလျှောက် အကုန်ဝင်တိုက်တာ။ တရုတ်လူမျိုးတွေပါတယ်။ ရဲနဲ့ တပ်ရောက်လာပြီး ဖမ်းသွားတယ်။ ကလေးလေးနဲ့ သူ့အမေနေ ရာမှာတင်ပွဲချင်းပြီးသေသွားတယ်။ ဒဏ်ရာနဲ့စိုးရိမ်ရတဲ့ သူတွေလည်းရှိသေးတယ်”လို့ ဒေသခံတဦးက New Day Myanmar ကိုပြောပါတယ်။
အဲဒီဖြစ်စဉ်မှာ (၁)နှစ်သားအရွယ် က လေးနဲ့ ကလေးမိခင်အမျိုးသမီး တစ်ဦး သေဆုံးခဲ့ကာ၊ အခြားအမျိုးသားတစ်ဦး အမျိုးသမီးတစ်ဦးစိုးရိမ်ရဒဏ်ရာတွေ
ရရှိခဖြ့ပါတယ်။
ဒါအပြင် အသက် ၁၀နှစ်ကျော် ကလေးငယ်တစ်ဦး ခြေထောက်ထိခိုက်ဒဏ်ရာရရှိခဲ့သလို အဖွားအိုတစ်ဦးလည်း ဒဏ် ရာ ရရှိခဲ့တယ်လို့ ဒေသတွင်းလူမှုကူညီကယ်ဆယ်ရေးအသင်းက အသိပေးဖော်ပြထားသည်။
ဖြစ်စဉ်အတွင်း သေဆုံးသူများကို တာချီလိတ်ပြည်သူ့ဆေးရုံကြီးဆီကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။


