Homeပြည်တွင်းသတင်းတအာင်းတပ်မတော် ချက်ချင်း အပစ်ရပ်ဖို့ ခြိမ်းခြောက်စာပို့တဲ့ကိစ္စ တရုတ်ငြင်းဆိုခြင်းမပြု

တအာင်းတပ်မတော် ချက်ချင်း အပစ်ရပ်ဖို့ ခြိမ်းခြောက်စာပို့တဲ့ကိစ္စ တရုတ်ငြင်းဆိုခြင်းမပြု

၃၁ ဩဂုတ်၊ ၂၀၂၄

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)ကို ချက်ချင်းအပစ်ရပ်ဖို့နဲ့ အပစ် မရပ်ရင် တရုတ်ဘက်က သွန်သင်ဆုံးမတဲ့ နည်းလမ်းတွေကို ပိုမိုလုပ်ဆောင်သွားမှာဖြစ်ပြီး ဖြစ်ပေါ် လာတဲ့ အကျိုး ဆက်တွေကို တာဝန်ယူရမယ်လို့ တရုတ်ဘက်က ခြိမ်းခြောက်တဲ့ အကြောင်းကြားစာ တစ်စောင် ပေးပို့ခဲ့ပါတယ်။

ဒီစာကို တရုတ်နိုင်ငံ၊ ရွှေလီမြို့ နိုင်ငံတော်လုံခြုံရေးကော်မတီက ပေးပို့ခဲ့တာလို့ သိရပြီး ဩဂုတ်လ ၂၉ ရက်စွဲနဲ့ ပို့ခဲ့တာ ဖြစ်ပါတယ်။

ဒီစာပေးပို့မှုနဲ့ ပတ်သက်ပြီး အတည်ပြုဖို့အတွက် AFP သတင်းဌာန သတင်းထောက် က “တရုတ်နိုင်ငံဟာ TNLA ကို မြန်မာ-တရုတ်နယ်စပ်ဒေသနဲ့ နီးစပ်တဲ့နေရာမှာ စစ်ရေးလှုပ်ရှားမှုရပ်တန့်ရန် သတိပေးတယ်လို့ မြန်မာမီဒီယာအချို့မှာ သတင်းဖော်ပြထားပါတယ်။ တရုတ်နိုင်ငံဘက်က TNLA ကို စစ်ဆင်ရေးရပ်တန့်ရန် တောင်းဆိုမှုရှိမရှိကို အတည်ပြုပေးနိုင်ပါသလား။ လက်ရှိ တရုတ်-မြန်မာနယ်စပ်ဒေသ အခြေအနေဘယ်လိုရှိပါသလဲ။”လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူကို မေးမြန်းခဲ့ပါတယ်။

အဲ့ဒီမေးခွန်းကို နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ Mr. Lin Jian က “တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏အခြေအနေနှင့် မြန်မာနိုင်ငံမြောက်ပိုင်း ပဋိပက္ခလှုပ်ရှားမှုအခြေအနေကို များစွာဂရုပြုပြီး ဆွေးနွေးရန်နဲ့ အပစ်အခတ်ရပ်စဲရန် လုပ်ငန်းအမြဲလုပ်ဆောင်နေပါတယ်။ မြန်မာနိုင်ငံရဲ့ အကြီးဆုံးအိမ်နီးချင်းနိုင်ငံအနေနဲ့ တရုတ်က မြန်မာနိုင်ငံ တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုဖော်ဆောင်ရေးအတွက် အမြဲတစေ စိတ်ရင်းအမှန်ဖြင့် မျှော်လင့်ပြီး တက်တက်ကြွကြွ ကူညီဆောင်ရွက်ပေးနေပါတယ်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်မှုလုပ်ငန်းစဉ်အတွက် အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ဆက်လက်ပါဝင်ပြီး မြန်မာနိုင်ငံမြောက်ပိုင်းအခြေအနေ အရှိန်လျော့ကျလာစေရန် မြှင့်တင်ဖော်ဆောင်သွားမှာဖြစ်ပါတယ်။”လို့ ပြန်ဖြေကြောင်း ရန်ကုန်မှာရှိတဲ့ တရုတ်သံရုံးက သူတို့ရဲ့ Facebook လူမှုကွန်ရက်မှာ ရေးသားပါတယ်။

အခုလိုဖော်ပြလာချက်အရ တရုတ်အနေနဲ့ ခုလို စာပို့တာနဲပတ်သက်ပြီး ငြင်းဆိုမှုမရှိတာကိုတွေ့ရပါတယ်။

စာထဲမှာ တရုတ်ဘက်က စစ်ရေးလေ့ကျင့်မှု ပြီးဆုံးတော့မှာ ဖြစ်တဲ့ အတွက် တအာင်းတပ်ဘက်က တိုက်ပွဲတွေကို ချက်ချင်းအပစ်ရပ်ပြီး မြန်မာမြောက်ပိုင်းနဲ့ တရုတ်-မြန်မာနယ်စပ်ဒေသတွေမှာ အေး ချမ်းတည်ငြိမ်မှုကို ထိန်းသိမ်းဖို့ တရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ မျှော်လင့်ကြောင်း ရေး ထားပါတယ်။

တရုတ် မြန်မာနယ်စပ်က အရပ်သူအရပ်သားတွေနဲ့ မြန်မာနိုင်ငံက တရုတ်နိုင်ငံသားတွေ၊ တရုတ် ပိုင်လုပ်ငန်းတွေနဲ့ သက်ဆိုင်တဲ့ လုံခြုံမှုတွေကို အာမခံပေးဖို့ အန္တရာယ်ရှိတဲ့ စစ်ရေးအပြုအမူကို ပပျောက်အောင် ဆောင်ရွက်ရမယ်လို့ ဆိုထားပါတယ်။

မလုပ်ဆောင်ခဲ့ရင် တရုတ်ဘက်က ကြောက်ရွံ့ကျိုးနွံအောင် ဆုံးမသွန်သင်တဲ့ နည်းလမ်းတွေကို ပိုမိုလုပ်ဆောင်မှာဖြစ်ပြီး ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေကို တအာင်းတပ်အနေနဲ့ တာဝန်ယူ ရမယ်လို့ ခြိမ်းခြောက်ထားပါတယ်။

အခြေအနေတွေကို ရှင်းရှင်းလင်းလင်းနားလည်ပြီး တရုတ်နိုင်ငံနဲ့အတူ ငြိမ်းချမ်းရေးမြှင့်တင်ဖို့ ကြိုးပမ်းဆောင်ရွက်ဖို့ ၊ ကွဲလွဲမှုတွေကို ညှိနှိုင်းဖြေရှင်းရေးအတွက် မှန်ကန်တဲ့လမ်းကြောင်းကို အမြန်ဆုံးပြန်လာမယ်လို့ မျှော်လင့်ကြောင်း စာမှာ ပါဝင်ပါတယ်။

ဒီအခြေအနေပေါ် မူတည်ပြီး တရုတ်ဘက်က အပြုသဘောဆောင်တဲ့ အခန်းကဏ္ဏကနေမြန်မာနိုင်ငံ မြောက်ပိုင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ကူညီပြီး တရားဝင်အခွင့်အရေးနဲ့ အကျိုးစီးပွါးများကို ရရှိစေဖို့ ကျန်းမာစွာနေထိုင်နိုင်တဲ့ ဖွံ့ဖြိုးရေး အကောင်အထည်ဖော်ဖို့ ကူညီပေးမယ်လို့ ဆိုပါတယ်။

ဘယ်နေရာ ဘယ်ဒေသရောက်ရောက် တရုတ်ဘက်က အမြဲစောင့်ကြည့်နေမယ်လို့လည်း ဆိုထား ပါတယ်။

ပုံစာ – တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ Mr. Lin Jian

ဆက်စပ် သတင်းများ

Most read