၁၈ ဇန်နဝါရီ၊၂၀၂၅
ထိုင်း-မြန်မာနယ်စပ်မှာ ပြီးခဲ့တဲ့လ ဇန်နဝါရီ ပထမအပတ်အတွင်း ပြန်တွေ့ခဲ့တဲ့ တရုတ်နိုင်ငံသား သရုပ်ဆောင် ဝမ်ရှင်း လူကုန်ကူးခံလိုက်ရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး နောပ်ထပ် သံသယရှိသူ ၁၂ ဦးကို ထိုင်းရဲတွေက ဖမ်းဆီး ထားတယ်လို့ တရုတ်နိုင်ငံပိုင် သတင်းဌာနတွေမှာဖော်ပြလာမှုအရ သိရပါတယ်။
တရုတ်နိုင်ငံပိုင်သတင်းဌာန စင်ဟွာသတင်းမှာ ဖော်ပြလာမှုအရ ဖမ်းမိတဲ့ ၁၂ ဦးထဲ တရုတ်နိုင်ငံသား တွေလည်း ပါဝင်ပြီး တရုတ်နဲ့ ထိုင်းအာဏာပိုင်တွေအနေနဲ့ စုံစမ်းစစ်ဆေးမှုတွေဆက်လုပ်ပြီး ဖော်ထုတ်ဖမ်းဆီးသွား မှာဖြစ် ကြောင်းနဲ့ လူကုန်ကူးခံရမှုဟာ ကရင်ပြည်နယ်၊ မြဝတီဒေသထဲက လူကုန်ကူးမှုကို ကျယ်ကျယ်ပြန့်ပြန့် ကြိုးကိုင် လှုပ်ရှားနေတဲ့ ရာဇဝတ်ဂိုဏ်းတစ်ခုရဲ့ လက်ချက်ဖြစ်တယ်လို့ တရုတ်ဘက်က ကြေညာထားပါတယ်။
တရုတ်နိုင်ငံသား သရုပ်ဆောင်ဟာ ဇန်နဝါရီ ၃ မှာ ထိုင်းနိုင်ငံအတွင်း လူကုန်ကူးခံရပြီး ဇန်နဝါရီလ ၇ ရက်မှာ ပြန်လည် လွတ်မြောက်လာခဲ့ပြီး သူဟာ မြန်မာနိုင်ငံဘက် ရောက်ရှိပြီး အွန်လိုင်းငွေလိမ်ဂိုဏ်းမှာ လိမ်ဖို့အတွက် သင်တန်းတက်ခဲ့ရတယ်လို့လည်း ထွက်ဆိုထားပါတယ်။
မြဝတီဒေသမှာ ကြီးထွားနေတဲ့ ငွေလိမ်လုပ်ငန်း၊ လူကုန်ကူးမှုနဲ့ ရာဇဝတ်လုပ်ငန်းတွေ ရပ်တန့်ဖို့နဲ့ အသက် ၁၈ နှစ်အောက် ကလေးသူငယ်တွေကို စေခိုင်းခြင်း၊ ငွေညှစ်ခြင်းများ၊ နှိပ်စက် ညှဉ်းပန်းခြင်းတွေ မပြုလုပ်ဖို့ ၊ လုပ်ခဲ့ ရင် လုပ်ငန်းပိတ်သိမ်းတဲ့အထိ အရေးယူမယ်လို့ (DKBA)၊ (BGF) နဲ့ တရုတ်လုပ်ငန်းရှင်တို့ ဇန်နဝါရီလ ၁၅ ရက် မှာ တွေ့ဆုံခဲ့တဲ့ အရေးပေါ်တွေဆုံပွဲမှာ BGF က သတိပေးပြောဆိုခဲ့ပါတယ်။
ထိုင်းဝန်ကြီးချုပ် ပေတောင်တန်ရှင်နာဝပ်ထရာက အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအားလုံးကို ဒစ်ဂျစ်တယ်နဲ့ ပတ် သတ်ပြီး အွန်လိုင်းလိမ်လည်မှုနိမ်နင်းရေး၊ သတင်းမှားထုတ်လွှင့်မှုနဲ့ အေအိုင်နဲ့ပတ်သတ်တဲ့ကိစ္စရပ်တွေမှာ ပူးပေါင်းဆောင်ရွက်ကြဖို့ ၅ကြိမ်မြောက် အာဆီယံဒစ်ဂျစ်တယ်ဝန်ကြီးများအစည်းအဝေးဖွင့်ပွဲမှာ တိုက်တွန်း ထားပါတယ်။
Photo – Khaosod