Homeပြည်တွင်းသတင်းတရုတ် မြန်မာ ချစ်ကြည်ရေး ပျက်ပြားအောင် သွေးခွဲနေကြတယ်လို့ စစ်ခေါင်းဆောင်ပြော

တရုတ် မြန်မာ ချစ်ကြည်ရေး ပျက်ပြားအောင် သွေးခွဲနေကြတယ်လို့ စစ်ခေါင်းဆောင်ပြော

၂၆ ဇန်နဝါရီ၊ ၂၀၂၅

တရုတ် မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေး ပျက်ပြားအောင် ပြည်တွင်းပြည်ပကနေ သွေးခွဲနေကြတယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဇန်နဝါရီ ၂၅ ရက်မှာ ပြုလုပ်တဲ့ တရုတ်နှစ်ကူးပွဲမှာပြောလိုက်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငဲံမှာ ပြုလုပ်မယ့် ရွေးကောက်ပွဲကို တရုတ်က ကူညီဆောင်ရွက်ပေးမယ်ဆိုပြီး အာမခံထားတဲ့ အပေါ် တရုတ်ကို ကျေးဇူးတင်တယ်လို့လည်း မင်းအောင်လှိုင်က ပြောပါတယ်။

မြန်မာနိုင်ငံအနေနဲ့ တရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ စီမံကိန်းတွေ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်မယ့် အခင်းအကျင်းကိုဖော်ဆောင်ပြီး မြန်မာနိုင်ငံက တရုတ်နိုင်ငံရဲ့ ယုံကြည်စိတ်ချရတဲ့ အိမ်နီးချင်းမိတ်ဆွေကောင်းနိုင်ငံအဖြစ် ဆက်လက်ရပ်တည်သွားမယ်လို့ သူကပြောပါတယ်။

လက်ရှိမှာတော့ စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ ဆုံးရှုံးသွားတဲ့ နယ်မြေတွေ ပြန်လည်ရရှိရေး တရုတ်ကို အကူအညီတောင်းပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ ညှိနှိုင်းနေရတာဖြစ်ပါ်တယ်။

ဆက်စပ် သတင်းများ

Most read