Homeပြည်တွင်းသတင်းတရုတ်သံအမတ်ကြီး Ms. Ma Jia ကယ်ဆယ်ရေးအဖွဲ့နဲ့အတူ မြန်မာနိုင်ငံသို့ ပြန်ရောက်လာ၊တရုတ်ကယ်ဆယ်ရေး ၃ဖွဲ့မြန်မာသို့ရောက်ရှိ

တရုတ်သံအမတ်ကြီး Ms. Ma Jia ကယ်ဆယ်ရေးအဖွဲ့နဲ့အတူ မြန်မာနိုင်ငံသို့ ပြန်ရောက်လာ၊တရုတ်ကယ်ဆယ်ရေး ၃ဖွဲ့မြန်မာသို့ရောက်ရှိ

၃၀ မတ်၊၂၀၂၅

မတ်လဆန်းကတည်းက လူမြင်ကွင်းကနေ ပျောက်ကွယ်နေတဲ့ တရုတ်သံအမတ်ကြီး Ms.Ma Jia ဟာ မနေ့က ရန်ကုန်ကို တရုတ်ကယ်ဆယ်ရေးအဖွဲ့နဲ့အတူ ပြန်လည်ရောက်ရှိလာပြီး သူ့ရဲ့ မူလတာဝန်တွေပြန်လည်ထမ်းဆောင်နေပုံတွေကို တရုတ်သံရုံးက ဓါတ်ပုံသတင်းနဲ့အတူဖော်ပြလာပါတယ်။

သံအမတ်ကြီးဟာ တရုတ်ကယ်ဆယ်ရေးအဖွဲ့ဝင် ၈၂ဦးနဲ့အတူ ပြန်လည်ရောက်ရှိလာတာပါ။

စစ်ခေါင်းဆောင် ရုရှားသမ္မတပူတင်နဲ့တွေ့ပြီးပြန်အလာ တရုတ်အထူးကိုယ်စားလှယ်ခရီးစဉ်အပြီးနောက်ပိုင်း ပြီးခဲ့တဲ့ မတ်လ ၂၀ရက်က တရုတ်ဟာ မြန်မာကို သံအမတ်အဆင့်လျော့ချပြီး သံရုံးယာယီတာဝန်ခံ နဲ့ပဲ အစားထိုးလိုက်တယ်တဲ့ မှတ်ယူလို့ရတဲ့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး သံရုံးယာယီတာဝန်ခံ Ms. Cao Jing နဲ့ စစ်ကောင်စီနိုင်ငံခြားရေးဒုဝန်ကြီးဦးလွင်ဦးတို့ နေပြည်တော်မှာ တွေ့ဆုံကြတဲ့သတင်းတစ်ပုဒ်ကိုတရုတ်သံရုံးနဲ့စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနတို့က ရှေ့ဆင့်နောက်ဆင့် ထုတ်လွှင့်ခဲ့ဖူးပါတယ်။ဒီ့နောက် တရုတ်သံအမတ်ကြီး Ms. Ma Jia ဘယ်ရောက်သွားသလဲဆိုတာ သံတမန်များအကြား မေးခွန်းထုတ်စရာဖြစ်ခဲ့ပါတယ်။

သို့သော်လည်း တရုတ်အစိုးရက မြန်မာ့ငလျင် ၂၀၂၅ အတွက် အကူအညီပေးဖို့ စေလွှတ်လိုက်တဲ့ အဖွဲ့ဝင် ၈၂ ဦးပါ ကယ်ဆယ်ရေးအဖွဲ့နဲ့အတူ ပေကျင်းမြို့ကနေ သံအမတ်ကြီးပါ ပြန်လည်လိုက်ပါလာတာကြောင့် သံအမတ်အဆင့်လျော့ချခြင်းမျိုးမဟုတ်ဘဲ စစ်ကောင်စီကို သတိပေးချက်တစ်ခု သာဖြစ်နိုင်တယ်လို့ သံတမန်အရေးလေ့လာနေသူကပြောပြပါတယ်။

“ငလျင်ဘေးကြောင့် တရုတ်သဘောထားပျော့ပြောင်းသွားတဲ့ သဘောလား”လို့ သူကမှတ်ချက်ပြုပါတယ်။

တရုတ်သမ္မတနဲ့တရုတ်ဝန်ကြီးချုပ်တို့က မြန်မာ့ငလျင်ဘေးအတွက် ဂရုဏာသက်ကြောင်း စစ်ခေါင်းဆောင်ထံ သဝဏ်လွှာတွေကို ပေးပို့ထားသလို မတ်လ ၂၉ရက်မှာ အဖွဲ့ဝင် ၃၇ ဦးပါ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကယ်ဆယ်ရေးဆေးကုသမှုအဖွဲ့ကို အသက်ကယ်ကိရိယာ(Life detector တွေ၊ ငလျင်ကြိုတင်သတိပေးစနစ်(Earthquake early warning systemနဲ့ ခရီးဆောင်ဂြိုလ်တု(portable satellite)အပြင် ကယ်ဆယ်ရေး ဒရုန်းတွေနဲ့ ကနဦးစေလွှတ်ခဲ့တဲ့အပြင်၊ကယ်ဆယ်ရေးကျွမ်းကျင်အဖွဲ့ တစ်ခုဖြစ်တဲ့ တရုတ်နိုင်ငံ Blue Sky Rescue (ယူနန်) အဖွဲ့ ကို နိုင်ငံဖြတ်ကျော်ပြီး မြန်မာနိုင်ငံ မူဆယ်မြို့မှတဆင့် မန္တလေးကို စေလွှတ်ထားခဲ့တယ်လို့သိရပါတယ်။

ဓါတ်ပုံ – တရုတ်သံရုံး

ဆက်စပ် သတင်းများ

Most read