Homeနိုင်ငံတကာသတင်းတရုတ်သရုပ်ဆောင်မင်းသား Xingxing ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့မှာ ပျောက်ဆုံး

တရုတ်သရုပ်ဆောင်မင်းသား Xingxing ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့မှာ ပျောက်ဆုံး

၆ ဇန်နဝါရီ၊ ၂၀၂၅

တရုတ်သရုပ်ဆောင်မင်းသား Xingxing (နာမည်ရင်း Wang Xing)မှာ ထိုင်းနိုင်ငံကို ရုပ်ရှင်ဇာတ်ကား လာရောက်ရိုက်ကူးရင်း ထိုင်းမြန်မာနယ်စပ် တာ့ခရိုင်၊ မဲဆောက်မြို့မှာ ပျောက်ဆုံးသွားတယ်လို့ South Chine Morning Post ၊ Global Times ၊ Nation စတဲ့ သတင်းဌာနတွေမှာ‌ ဖော်ပြထားပါတယ်။

Xingxing ရဲ့ ချစ်သူ Jiajia အမည်ရအမျိုးသမီးကလည်း သူမရဲ့ ချစ်သူဟာ ပြီးခဲ့တဲ့သောကြာနေ့က ရှန်ဟိုင်းက ဘန်ကောက်ကို လေယာဉ်နဲ့ထွက်ခွာပြီး သုဝဏ္ဏဘူမိလေဆိပ်မှာ ရိုက်ကူးရေးအဖွဲ့က စီစဉ်တဲ့ကားနဲ့အတူ ထွက်ခွာသွားတယ်လို့ သိရပါတယ်။

ရိုက်ကူးရေးဖွင့်ပွဲအခမ်းအနားကို သွားတယ်လို့ သူမကို ပြောကြားခဲ့ပေမယ့် ခြေရာခံလမ်းကြောင်း GPS စနစ်မှာ သွားနေတဲ့လမ်းကြောင်းလွဲနေပြီး ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့မှာ အဆက်အသွယ်ပြတ်တောက်သွားတယ်လို့ သူမကပြောဆိုထားပါတယ်။

အဆက်အသွယ်ပြတ်သွားပြီးနောက်မှာ Jiajia ဟာ ရှန်ဟိုင်းရဲတပ်ဖွဲ့၊ ဘန်ကောက်ရှိ တရုတ်သံရုံးနဲ့ ချင်းမိုင်ရှိ တရုတ်ကောင်စစ်ဝန်ရုံးတို့ကို ဆက်သွယ်ခဲ့တယ်လို့ဆိုပါတယ်။ အမှုအတွက် သူမကိုယ်တိုင်ဘန်ကောက်ကို လေယာဉ်နဲ့လိုက်လာမယ့်အကြောင်းလည်း ပြောဆိုထားပါတယ်။

ချင်းမိုင်ရှိတရုတ်ကောင်စစ်ဝန်ရုံးကလည်း Xingxing ရဲ့မိသားစုတွေဆီက တာ့ခရိုင်မဲဆောာက်မြို့မှာ ပျောက်ဆုံးနေ‌တဲ့အကြောင်း ဖုန်းခေါ်ဆိုမှု ရရှိထားတယ်လို့ အတည်ပြုထားပါတယ်။

China Newsweek ကသတင်းတစ်ပုဒ်ကို ကိုးကားပြီး Global Times က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကလည်း ဒီအခြေအနေကို အနီးကပ် စောင့်ကြည့်နေပြီး အရေးကြီးတဲ့ ကိစ္စဖြစ်တယ်လို့ ယူဆကြောင်း ပြောပါတယ်။ စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီလို့လည်းရေးသားဖော်ပြထားပါတယ်။

ပျောက်ဆုံးနေတဲ့ မင်းသားဟာ “Fox Spirit Matchmaker: Red Moon Pact”၊ “The Tale of Rose” နဲ့ “Under the Skin” အပါအဝင် တရုတ်တီဗီစီးရီးတွေမှာ ပါဝင်သရုပ်ဆောင်ထားသူဖြစ်ကြောင်း သိရပါတယ်။

(Ref : The Nation Thailand)

Photo – The Nation Thailand

ဆက်စပ် သတင်းများ

Most read