၂၅ နိုဝင်ဘာ၊၂၀၂၄
စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲတွေဖြစ်နေတဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့အတွင်းက TNLA အနေနဲ့ စစ်ရေးတင်းမာမှုတွေအတွက် စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးဖြေရှင်းရန်အဆင့်ရှိနေတယ်လို့ ထုတ်ပြန်
တရုတ်အစိုးရရဲ့ ဖိအားပေးမှုတွေကြုံနေရတယ်လို့ TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက သတင်းမီဒီယာ တွေမှာ ယခင်ကတည်းကဖြေဆိုထားမှုတွေရှိသလို TNLA အနေနဲ့လည်း ဩဂုတ်လကုန်ပိုင်းကတည်းက တိုက်ပွဲတွေရပ်တန့်ပေးဖို့ တရုတ်နိုင်ငံရဲ့ ဖိအားပေးပြောဆို ခြိမ်းခြောက်မှုကိုလည်း ခံခဲ့ရပြီးလည်းဖြစ်ပါတယ်။
ယနေ့တွင် စစ်ရေးတင်းမာမှုများ တွေ့ဆုံဆွေးနွေးဖြေရှင်းရန် အသင့်ရှိကြောင်း စာထုတ်ပြန်ရခြင်းမှာ တအာင်း ပြည် ဒေသအတွင်း နေ့စဉ်ရက်ဆက် ဖြစ်ပွားနေသော တိုက်ပွဲများတွင် စစ်ကောင်စီမြန်မာစစ်တပ်၏ လေ ကြောင်း စစ်ဆင် ရေးအပါအဝင် ပြင်းထန်သည့်တိုက်ပွဲကြောင့် စစ်ဘေးဒဏ် ဆိုးရွားစွာခံစားနေရသည့် ဒေသခံမိ ဘပြည်သူများ ၏အကျိုးကို ငဲ့ညှာထောက်ထား၍ဖြစ်သကဲ့သို့ နယ်စပ်တည်ငြိမ်ရေးနှင့်တိုက်ပွဲရပ်စဲရေးအတွက် ကြားဝင်ကြိုးပမ်း ဆောင်ရွက်နေသည့် တရုတ်နိုင်ငံအစိုးရ၏ ကြိုးပမ်းမှုကို လေးစားအသိအမှတ်ပြု၍ ဖြစ်သည်ဟု TNLAက ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်အသိပေးထားပါတယ်။
ထို့အပြင် နှစ်ဖက်စစ်ရေး ပဋိပက္ခများ အဆုံးသတ်နိုင်ရန်အတွက် တွေ့ဆုံဆွေးနွေးရန် အဆင်သင့်ရှိကြောင်း TNLA၏ သဘောထားကို ဆက်လက် ထုတ်ဖော်ထုတ်ပြန်လိုက်ကြောင်း ဖော်ပြထားပြီး စစ်ဘေးဒဏ် အလူးအလဲခံစားနေရသော ပြည်သူလူထုအား ထောက်ထားညှာတာခြင်းနှင့်အတူ မိမိကိုယ်ကို ခုခံကာကွ ယ်ခွင့်အခွင့်အရေးကို ကိုင်စွဲထားကြောင်း ဖော်ပြထားပါတယ်။
မြန်မာပြည်တွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများအဆုံးသတ်ပြီး တည်ငြိမ်အေးချမ်းသည့် နိုင်ငံရေး အခြေအနေ တည်ဆောက်နိုင်ရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ကြားဝင်စေ့စပ် ကြိုးပမ်းဆောင်ရွက် နေမှုတွေကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF) မှ အပြုသဘောဆောင် ကောင်းကျိုးရှိသည့် အမြင်ဖြင့် အမြဲပူးပေါင်းဆောင်ရွက်ရန် ကြိုးပမ်းလျက်ရှိကြောင်းလည်း ထုတ်ပြန်ခဲ့ပြီး ကောင်းမွန်တဲ့ ရလဒ်များရရှိရန် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဟု အသိပေးထားပါတယ်။
Photo -PSLF/ TNLA