တရုတ်ရဲ့ဖိအားပေးမှုတွေကြောင့် အခု ဩဂုတ်လထဲမှာ စစ်ကော်မရှင်နဲ့ TNLA ထပ်မံတွေ့ ဆုံမယ်လို့ ဒီကနေ့ ဩဂုတ် (၅)ရက်မှာပြုလုပ်တဲ့ သတင်းစာရှင်း လင်းပွဲအတွင်း တအာင်းတပ် -TNLAရဲ့ ပြန်ကြားရေးတာဝန်ခံ လွေးယေဦးက ပြောပါတယ်။
မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ဖော်ဆောင် ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး အတွင်းကသိမ်း ယူထားခဲ့တဲ့နေရာတွေကို ပြန်လည်သိမ်း ယူဖို့ စစ်ကော်မရှင်က တရုတ်ရဲ့ ဖိအားနဲ့ မဟာမိတ်သုံးဖွဲထဲက တစ်ဖွဲ့ကို ထိုးစစ်ရပ်အောင်လုပ်ထားပြီး ကျန်နှစ်ဖွဲ့ကို ထိုး စစ်ဆင် တိုက်ခိုက်နေတာဖြစ်တယ်လို့ သူကဆိုပါတယ်။
“ကိုးကန့်တပ်(MNDAA)ကို လှုပ်ရှားမှု မရှိအောင်လုပ်ပြီး အာရက္ခတပ်တော်(AA)နဲ့ TNLA ကို ထိုးစစ်ဆင်တဲ့ဗျူဟာလုပ်လာတယ်” လို့ လွေးယေဦးက ဆိုပါတယ်။
စစ်ကော်မရှင်အနေနဲ့ နောင်ချိုမြို့ကို သိမ်းပိုက်ခဲ့ရာမှာလည်း လေယာဉ်၊ ဒရုန်းနဲ့ လက်နက်ကြီးတွေကို အရပ်သားပြည်သူတွေ နေထိုင်တဲ့နေရာကို တိုက်ခိုက်လာတာကြောင့် အရပ်သားပြည်သူတွေ ထိ ခိုက်တာတွေရှိလာတဲ့အတွက် အရပ်သားပြည်သူတွေကို ကာကွယ်ဖိုနဲ့ နစ်နာမှုမရှိစေဖို့ ဆုတ်ခွဲပေးလိုက်ရတယ်လို့ သူက တဆက်တည်းပြောပါတယ်။
ဒါအပြင် ဇူလိုင်လအတွင်း စစ်ကော်မရှင်နဲ့ TNLA တို့အကြား တိုက်ပွဲဖြစ်ပွားတဲ့အ ခြေအနေတွေအရ နှစ်ဖက်ထိတွေ့တိုက်ပွဲအကြိမ် (၇၀) ဖြစ်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်တပ်က နောင်ချိုမြို့ကို လေ ကြောင်းကနေ (၅၆) ကြိမ်၊ လက်နက်ကြီးပစ်ခတ်တာ(၁၆၅၅)ကြိမ်၊ ဒရုန်း (၆၆၁) ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
“တရုတ်နဲ့ ကြားဝင်မှုနဲ့ အခုလထဲမှာ စစ်ကောင်စီနဲ့ တွေ့ဖို့ရှိပါတယ်။ ဘယ်နေ့ဘယ်ရက်တွေ့ဖြစ်မလဲတော့မသိရသေးဘူး။ ကျမတို့ဘက်ကတော့ တွေ့ဖို့အ တွက် ပြင်ဆင်ထားပါတယ်။ အဓိကဆွေး နွေးမှာကတော့ ပြည်သူလူထုဘက်ကို ရပ်တည်ပြီးဆွေးနွေးသွားမှာပါ။” လို့ သူမ ဆိုပါတယ်။
လတ်တလောစစ်ကော်မရှင်တပ်ဖွဲ့တွေဟာ TNLA သိမ်းပိုက်ထားတဲ့ကျောက်မဲ၊ သီပေါ၊ မိုးကုတ်မြို့တွေကို လေကြောင်းကနေ ဆက်တိုက်တိုက်ခိုက်တာတွေပြုလုပ်နေတာကြောင့် အရပ်သားပြည်သူတွေထိခိုက်သေဆုံးတာတွေရှိနေတယ်လို့ သိရပါတယ်။


