Homeပြည်တွင်းသတင်းတရုတ်မှာ အစည်းအဝေးရှိတာကြောင့် ရှမ်းမြောက်မှာ လေးရက်ကြာအပစ်ရပ်မယ်လို့ MNDAA ကြေညာ

တရုတ်မှာ အစည်းအဝေးရှိတာကြောင့် ရှမ်းမြောက်မှာ လေးရက်ကြာအပစ်ရပ်မယ်လို့ MNDAA ကြေညာ

၁၅ ဇူလိုင်၊၂၀၂၄

တရုတ်နိုင်ငံမှာ အစည်းအဝေးရှိနေတာကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှာဖြစ်ပွားတေတဲ့ တိုက်ပွဲတွေကို ဇူလိုင်လ ၁၄ ရက်နေ့က ၁၈ ရက်နေ့အထိ အပစ်ရပ်ထားမှာဖြစ်တယ်လို့ MNDAA က ကြေညာချက် ထုတ် ပြန်လာပါတယ်။

တရုတ်နိုင်ငံမှာ အာဏာရ ကွန်မြူနစ်ပါတီရဲ့ တတိယအကြိမ် စုံညီအစည်းအဝေး ကျင်းပဖို့ရှိပြီး တရုတ် နိုင်ငံရဲ့စိုးရိမ်ချက်ကို တုံ့ပြန်တဲ့အနေနဲ့ အပစ်ရပ်တာလို့ ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောဆိုထားပြီး တပ်ဖွဲ့ဝင်တွေအားလုံး လိုက်နာရမယ်လို့လည်း MNDAA က ဆိုထားပါတယ်။

ဒါ့အပြင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ဗိုလ်ချုပ်တာဘုန်းကျော်ကလည်း စစ်ကောင်စီနဲ့ လေးရက်ကြာ အပစ်အခတ်ရပ်စဲဖို့ သဘောတူခဲ့ကြောင်း နဲ့ ထိုအတောအတွင်း မန္တလေးတိုင်း မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကတော့ အကျုံးမဝင်ကြောင်း AFP သတင်းဌာနကို ပြောဆိုထား တယ်လို့ လည်း သိရပါတယ်။

တရုတ်နိုင်ငံရဲ့ ကြားဝင်ညှိနှိုင်းပေးမှုအရ ဟိုင်ဂင်သဘောတူညီချက်နဲ့ “၁ဝ၂၇ စစ်ဆင်ရေး” ကို အပစ်ရပ်ဖို့ ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့က စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ကြား လက်မှတ်ရေးထိုးခဲ့ပေမယ့်

ဇွန် ၂၅ ရက်နေ့ကစလို့ “၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းအနေနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ မန္တလေးတိုင်းက မြို့တချို့မှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းတွေကို TNLA၊ MNDAA နဲ့ PDF ပူးပေါင်းတပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

Photo – TNLA

ဆက်စပ် သတင်းများ

Most read