Homeပြည်တွင်းသတင်းတရုတ်မယားအဖြစ် စည်းရုံးသူ တရုတ်နိုင်ငံသားနဲ့ စကားပြန် ထောင်ဒဏ်ချမှတ်ခံရ

တရုတ်မယားအဖြစ် စည်းရုံးသူ တရုတ်နိုင်ငံသားနဲ့ စကားပြန် ထောင်ဒဏ်ချမှတ်ခံရ

၆ မေ၊ ၂၀၂၅

ဒလမြို့နယ်က ကျောင်းသူနှစ်ဦးကို တရုတ်မယားအဖြစ် စည်းရုံးတဲ့ တရုတ်နိုင်ငံသားကို အလုပ်နှင့် ထောင်ဒဏ် (၁၃)နှစ်၊စကားပြန် လင်မယားကို အလုပ်နှင့် ထောင်ဒဏ် (၁၀)နှစ်စီ ချမှတ်လိုက်တယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံသား LUO FU Cai ရဲ့ သားဖြစ်သူ MR LUO FEI ကို တွံတေးခရိုင်တရားရုံး ရာဇဝတ်ကြီးမှု အမှတ် ၂၀/၂၀၂၅၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅/၄၄ အရ အလုပ်နဲ့ ထောင်ဒဏ် (၁၀)နှစ်၊ ဒလမြို့နယ်တရားရုံးက ရာဇဝတ်ကြီးမှု အမှတ် ၃၃/၂၀၂၅ ၁၉၄၇ ခုနှစ် လူဝင်မှုကြီး ကြပ်ရေး အက်ဥပဒေပုဒ်မ ၁၃(၁)အရ အလုပ်နှင့် ထောင်ဒဏ် (၃)နှစ်စုစုပေါင်း အလုပ်နှင့် ထောင်ဒဏ် (၁၃) နှစ် ချမှတ်ခဲ့ပါတယ်။

စကားပြန်ဖြစ်တဲ့ ဒလမြို့ ဗိုလ်ရန်ပြေရပ်ကွက်နေ အောင်ဇော်ဦး (ခ) ဟာမီဒူလာနဲ့ ဇနီး သီတာအောင်တို့ကို တွံတေးခရိုင်တရားရုံးက ရာဇဝတ်ကြီးမှု အမှတ် ၂၀/၂၀၂၅၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅/၄၄ အရ အလုပ်နှင့် ထောင်ဒဏ် (၁၀)နှစ်ချမှတ်လိုက်တယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်မှာ တရုတ်မယားအဖြစ် လက်ထပ်ထိမ်းမြားစေရန် အမျိုးသမီးငယ် နှစ်ဦးကို နေအိမ်အထိလာရောက်ပြီး တရုတ်နိုင်ငံသားတစ်ဦးက စည်းရုံးပြောဆိုတဲ့ ရုပ်သံဖိုင်ကို လူမှုကွန်ရက်မှာ ထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။

ယင်းဗီဒီယိုဖိုင်ကို ကြည့်ရှု့တဲ့သူများပြားခဲ့ပြီး ဝေဖန်မှုတွေ ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။

အဆိုပါ ဖြစ်စဉ်မှာ ပါဝင်ခဲ့သူတွေကို ဥပဒေနဲ့အညီ အရေးယူပေးရန် အမှုဖွင့်လှစ်တိုင်တန်းချက် အရ ဖေဖော်ဝါရီလ (၆)ရက်က ဒလမြို့နယ်ရဲစခန်းမှာ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေ ပုဒ်မ ၃၅/၄၄ နဲ့ အမှုဖွင့်လှစ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

Most read