Homeနိုင်ငံတကာသတင်းတရုတ်နဲ့ ဘီလာရုစ်တို့ နေတိုးနယ်နမိတ်နဲ့ အီးယူ နယ်စပ်အနားမှာ ပူးတွဲ စစ်ရေးလေ့ကျင့်မှုလုပ်

တရုတ်နဲ့ ဘီလာရုစ်တို့ နေတိုးနယ်နမိတ်နဲ့ အီးယူ နယ်စပ်အနားမှာ ပူးတွဲ စစ်ရေးလေ့ကျင့်မှုလုပ်

ဘီလာရုစ်၊ ဇူလိုင် ၉

ဘီလာရုစ်နဲ့ တရုတ်တို့က ၁၁ ရက်ကြာ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို တနင်္လာနေ့ ဇူလိုင် ၈ရက်က စတင်ခဲ့တဲ့အကြောင်း ဘီလာရုစ်ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဘီလာရုစ်နိုင်ငံမှာ လုပ်နေတဲ့ ပူးတွဲအကြမ်းဖက်ဆန့်ကျင်ရေးလေ့ကျင့်မှု “Attacking Falcon” လေ့ကျင့်မှုမှာ နှစ်နိုင်ငံစလုံးက စစ်ဘက်ဆိုင်ရာဝန်ထမ်းတွေနဲ့ အခြားအဆင့် တပ်ဖွဲ့ဝင်တွေ အတူတကွလုပ်ဆောင်ကြမှာ ဖြစ်တယ်လို့ ဘီလာရုစ်စစ်တပ် ဗိုလ်ချုပ်ကြီး ဘာဒင် ဒန်နီဆန်ကိုက တယ်လီးဂရမ်ပို့စ်မှာ ပြောပါတယ်။

“ကမ္ဘာပေါ်က အဖြစ်အပျက်တွေက ရှုပ်ထွေးတယ်၊ အခြေအနေတွေက ရှုပ်ထွေးတယ်၊ ဒါကြောင့် စစ်ပွဲပုံစံသစ်တွေနဲ့ နည်းလမ်းအသစ်တွေကို လေ့လာပြီး ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း သင်ယူခဲ့ရတဲ့ အသစ်အဆန်းတွေအားလုံးကို သုံးသပ်ပြီး ဒီအခိုက်အတန့်အားလုံးကို ဒီအချိန်လေးမှာ အကောင်အထည်ဖော်သွားမှာပါ” လို့ ဒန်နီဆန်ကိုက ပြောပါတယ်။

ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဘယ်လာရု့စ်နဲ့ ပိုလန် နယ်စပ်က ဘရက်စ် မြို့အနီးနဲ့ ယူကရိန်းနယ်စပ်နဲ့ မိုင် ၄၀ အကွာက လေ့ကျင့်ရေးကွင်းမှာ လုပ်နေတာ ဖြစ်ပါတယ်။ ရုရှားနိုင်ငံက ယူကရိန်းကို နှစ်နှစ်ကျော် ကျူးကျော်ဝင်ရောက်ခဲ့တာကြောင့် ပထဝီနိုင်ငံရေးအရ သဘောထားကွဲလွဲမှုတွေ ပိုမိုခိုင်မာလာပြီး ဒေသတွင်းလုံခြုံရေးကို ပိုပြီးကျယ်ကျယ်ပြန့်ပြန့် ဆက်ပြီးခြိမ်းခြောက်လာတဲ့ အခြေအနေတွေကြောင့် အခုလို လေ့ကျင့်မှုတော ပေါ်လာရတာလို စစ်ရေး အကဲခတ်သူတွေက ပြောပါတယ်။

မကြာသေးတဲ့နှစ်တွေထဲမှာ တရုတ်နဲ့ ဘယ်လာရုစ်တို ကြားဆက်ဆံရေးကို ပိုပြီး လေးလေးနက်နက် လုပ်လာကြတာဖြစ်ပြီး ဘယ်လာရုစ်ဟာ ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ ခိုင်မာတဲ့ မဟာမိတ်လည်း ဖြစ်ပါတယ်။

Ref: CNN

ဆက်စပ် သတင်းများ

Most read