Homeပြည်တွင်းသတင်းတရုတ်နိုင်ငံက ဂျပန်ပင်လယ်စာ တင်သွင်းမှုကို ဆိုင်းငံ့

တရုတ်နိုင်ငံက ဂျပန်ပင်လယ်စာ တင်သွင်းမှုကို ဆိုင်းငံ့

၂၀ နိုဝင်ဘာ ၂၀၂၅

တရုတ်နိုင်ငံက ဂျပန်ပင်လယ်စာတွေ တင်သွင်းမှုကို ဆိုင်းငံ့တော့မမှာဖြစ်ပြီး ဒီလုပ်ရပ်ဟာ မကြာသေးမီနှစ်များအတွင်း တရုတ်နဲ့ ဂျပန်အကြား ဆက်ဆံရေး သိသိသာသာ ယိုယွင်းလာမှုတွေထဲက တခုဖြစ်ပါတယ်။

မကြာသေးခင်အချိန်က ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိ (Sanae Takaichi) က “တရုတ်နိုင်ငံမှ ထိုင်ဝမ်ကို တိုက်ခိုက်ပါက ဂျပန်အနေဖြင့် စစ်ရေးအရ အရေးယူမှု ပြုလုပ်နိုင်ကြောင်း” ပါလီမန်မှာပြောကြားခဲ့ပါတယ်။

ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိ ရဲ့ မှတ်ချက်တွေဟာတရုတ်-ဂျပန် ဆက်ဆံရေးကို အကြီးအ ကျယ် ပျက်စီးစေခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန် ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဂျပန်အနေနဲ့ အဲ့ဒီမှတ်ချက်တွေကို ချက်များကို ပြန်လည်ရုပ်သိမ်းဖို့ ငြင်းဆန်ပါက တရုတ်က “ပြင်းထန်ပြီး ခိုင်မာသော တန်ပြန်အ ရေးယူမှုများ” ကို ပြုလုပ်ရလိမ့်မယ်လို့ သတိပေးခဲ့ပါသေးတယ်။

တရုတ်အာဏာပိုင်တွေအနေနဲ့ ဖူကူရှီးမား ဒါအိချိ နျူကလီးယားစက်ရုံက ထွက်ရှိလာတဲ့ စီမံထားတဲ့ ရေဆိုးတွေကို စောင့်ကြည့်ဖို့ အတွက် တင်သွင်းမှု ရပ်ဆိုင်းခြင်းဖြစ်တယ်လို့တရားဝင်ပြောထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး