Homeပြည်တွင်းသတင်းတရုတ်စီမံကိန်းတွေကို ကာကွယ်ဖို့အတွက် စစ်ကောင်စီဒုဝန်ကြီးချုပ်ကို တရုတ်သံအမတ် ထပ်ပြီး ပြောဆို

တရုတ်စီမံကိန်းတွေကို ကာကွယ်ဖို့အတွက် စစ်ကောင်စီဒုဝန်ကြီးချုပ်ကို တရုတ်သံအမတ် ထပ်ပြီး ပြောဆို

၂၈ ဩဂုတ်၊ ၂၀၂၄

မြန်မာနိုင်ငံအတွင်းက တရုတ်စီမံကိန်းတွေနဲ့ တရုတ်နိုင်ငံသားဝန်ထမ်းတွေကို အကာအကွယ်ပေးဖို့ တရုတ်သံအမတ်ကြီး Ms. Ma Jia ကစစ်ကောင်စီ ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးသန်း ဆွေနဲ့ တွေ့ဆုံဆွေးနွေးပြီး ပြောကြားသွားပါတယ်။

စစ်ကောင်စီ ဒုဝန်ကြီးချုပ် ဦးသန်းဆွေနဲ့ Ms, Ma Jia တို့ဟာ ဩဂုတ်လ ၂၇ ရက် မနေ့က နေပြည် တော်မှာ တွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိလာရောက်တုန်းက စစ်ခေါင်းဆောင်နဲ့ ဆွေးနွေးခဲ့တဲ့ သဘောတူ ညီချက်တွေကို အကောင်အထည်ဖော်ဖို့နဲ့ မြန်မာနိုင်ငံရဲ့ တည်ငြိမ်ရေးနဲ့ စီးပွားရေးဖွံ့ဖြိုးတိုး တက်မှု တွေကို ဆွေးနွေးတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တရုတ်သံအမတ်ကြီး Ms. Ma Jia တို့ ဩဂုတ်လ ၂၁ ရက်မှာ တွေ့ဆုံခဲ့တုန်းကလည်း စစ်ခေါင်းဆောင်က တရုတ်စီမံကိန်းတွေကို အစွမ်းကုန် ကာကွယ်သွား မယ်လို့ ကတိပေးထားကြောင်း သံရုံးထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

Ms. Ma Jia ဟာ ဩဂုတ်လ ၂၇ ရက်မှာပဲ မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက် သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တို့နဲ့ သီးခြားစီ ထပ်ပြီး တွေ့ဆုံဆွေး နွေးခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံက စိုက်ပျိုးတဲ့ သီးနှံတွေကိုလည်း နယ်စပ်ကုန်သွယ်ဂိတ်တွေက တဆင့် ဝယ်ယူတင်သွင်းနေတာဖြစ်ပြီး မြန်မာနိုင်ငံအထက်ပိုင်းက ကြံ၊ ပြောင်း၊ ဖရဲ၊ ငှက်ပျောဈေးကွက်တွေ ကို တရုတ်ပြည်ဘက်က ကုန်သည်ပွဲစားတွေက ချုပ်ကိုင်ထားတာဖြစ်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ဆက်စပ်ဒေသတွေမှာ တရုတ်စီမံကိန်း ဆယ်ခုရှိပြီး ဒီစီမံကိန်းတွေကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (EAOs) တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေက အပြည့် အဝထိန်း ချုပ်ထားနိုင်တယ်လို့ မြန်မာ့မဟာ ဗျူဟာနဲ့ မူဝါဒရေးရာ လေ့လာရေးအဖွဲ့ (ISP – Myanmar) ရဲ့ ဩဂုတ်လ ၁၉ ရက်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပုံစာ- (တရုတ်သံအမတ်ကြီး Ms. Ma Jia နဲ့ ဒုဝန်ကြီးချုပ် ဦးသန်းဆွေ ၊ ဦးမင်းနောင် ၊ ဦးကံဇော်တို့ ဩဂုတ်လ ၂၇ ရက်က နေပြည်တော်မှာ တရုတ်စီမံကိန်းတွေနဲ့ပတ်သတ်ပြီး သီးခြားဆွေးနွေးခဲ့စဉ်)

Photo – မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး

ဆက်စပ် သတင်းများ

Most read