Homeနိုင်ငံတကာသတင်းတရုတ်စစ်တပ်က ရိုင်ဖယ်သေနတ် တတ်ထားတဲ့ စက်ရုပ်ခွေးကို ထုတ်ပြ

တရုတ်စစ်တပ်က ရိုင်ဖယ်သေနတ် တတ်ထားတဲ့ စက်ရုပ်ခွေးကို ထုတ်ပြ

၂၀၂၄ မေလ ၂၂ ရက်က စခဲ့တဲ့ “Golden Dragon 2024”လို့ နာမည်ပေးထားတဲ့ ကမ္ဘောဒီးယားနဲ့ တရုတ် စစ်ရေးလေ့ကျင့်မှုမှာ တရုတ်စစ်တပ်က အော်တိုမက်တစ်ရိုင်ဖယ်သေနတ်ကို ကျောမှာ တပ်ပြီး ပစ်နိုင်တဲ့ စက်ရုပ်ခွေးတစ်ကောင်ကို ထုတ်ပြခဲ့ပြီး ခေတ်သစ်စစ်ပွဲတွေအတွက် ပြင်ဆင်ထားတာကို လူသိရှင်ကြား ပြသခဲ့ပါတယ်။

ကျွန်တော်တို့ဟာ မြို့ပြတိုက်ခိုက်ရေးစစ်ဆင်ရေးတွေမှာ တာဝန်ထမ်းမယ့် အဖွဲ့ဝင်အသစ်တွေ ရှိနေပါပြီ ဒီအဖွဲ့ဝင်တွေက ရန်သူကို ထောက်လှမ်းဖော်ထုတ်ပြီး ပစ်မှတ်ကို တိုက်ခိုက်ဖို့ အသင့်ပါ” လို့ တရုတ်စစ်တပ် ပြောရေးဆိုခွင့်ရှိတဲ့ သူတစ်ယောက်က နိုင်ငံပိုင်ရုပ်သံ CCTV ရုပ်သံမှာ ပြောဆိုလိုက်ပါတယ်။

တရုတ်-ကမ္ဘောဒီးယား “Golden Dragon 2024” လေ့ကျင့်ခန်းကာလထဲမှာပဲ အဝေးထိန်းကိရိယာနဲ့ စက်ရုပ်ခွေးကို ထိန်းချုပ်မှုအောက်မှာ လမ်းလျှောက်တာ၊ ခုန်ပေါက်တာ၊ လဲလျောင်းတာတွေအပြင် နောက်ပြန်လှည့်နိုင်တာကိုပါ နှစ်မိနစ်စာ ဗွီဒီယိုနဲ့ လည်း CCTV ကနေ ပြခဲ့ပါတဘ်။

ဗီဒီယိုရဲ့ နောက်ဆုံးအပိုင်းမှာ ဝေဟင်ဒရုန်းမှာ တပ်ဆင်ထားတဲ့ အော်တိုမက်တစ် ရိုင်ဖယ်တစ်လက်ကိုလည်း ပြသခဲ့ပါတယ် လို့သိရပါတယ်။

Ref:CNN

ဆက်စပ် သတင်းများ

Most read