မြန်မာနိုင်ငံရဲ့ ငလျင်ဘေးကို ကူညီဖို့ အသင့်စောင့်ဆိုင်းနေတဲ့ ထိုင်ဝမ် ကယ်ဆယ်ရေးအဖွဲ့ကို စစ်ကောင်စီက ပြည်ဝင်ခွင့် ပိတ်ပင်လိုက်တာကြောင့် မြန်မာနိုင်ငံအတွင်း ကယ်ဆယ်ရေးမလုပ်ဆောင်နိုင်တော့တဲ့ အခြေအနေဖြစ်သွားပြီလို့ ထိုင်ဝမ် သတင်းရင်းမြစ်က New Day Myanmar ကိုအတည်ပြု ပြောပါတယ်။
မတ်လ ၂၈ ရက် မြန်မာမှာ ငလျင်စချိန်ကစလို့ ထိုင်ဝမ်ကယ်ဆယ်ရေးအဖွဲ့က အသင့်စောင်ဆိုင်းနေခဲ့တာပါ။ ဒါပေမယ့် တရုတ်အစိုးရကို ကြောက်တဲ့ စစ်ကောင်စီက သူတို့ကို ဝင်ခွင့်မပေးတာဖြစ်ပါတယ်။
မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံ ၂ ခုလုံးက ထိုင်ဝမ်ကယ်ဆယ်ရေးသမားတွေ ဝင်ရောက်တာကို လက်မခံဘူးလို့ ထိုင်ဝမ်ကယ်ဆယ်ရေးအဖွဲ့နဲ့ နီးစပ်သူကပြောပါတယ်။
ထိုင်ဝမ်အစိုးရအနေနဲ့ ကယ်ဆယ်ရေး သမားတွေ စေလွှတ်ဖို့ အတွက် ထိုင်းနဲ့ မြန်မာက အစိုးရတွေကိုပြောပေမယ့် ထိုင်းအစိုးရကရော၊ စစ်ကောင်စီကပါ ပြည်ဝင်ခွင့်မပေးတာဖြစ်ပါတယ်။
ထိုင်ဝမ်ကယ်ဆယ်ရေးအဖွဲ့ကတော့ လက်ရှိအချိန်အထိ မြန်မာပြည်သူတွေကို ကယ်ဆယ်ခွင့်ရဖို့ စောင့်ဆိုင်းနေဆဲဖြစ်ပါတယ်။
တရုတ်အစိုးရကို စိုးရိမ်နေတဲ့ စစ်ကောင်စီဟာ သူ့ရဲ့နိုင်ငံရေးအကျိုးစီးပွားတွေကြောင့် ထိုင်ဝမ်လို ငလျှင်နဲ့ပတ်သပ်ရင် ထိပ်တန်းကယ်ဆယ်ရေး အဖွဲဲ့ကို ပြည်ဝင်ခွင့်မပေးတာဖြစ်ပါတယ်။
ထိုင်ဝမ်ငလျင်ကယ်ဆယ်ရေး အဖွဲ့ဟာ ဂျပန်က ကယ်ဆယ်ရေးအဖွဲ့တွေလို ငလျင် ကယ်ဆယ်ရေးမှာ ကမ္ဘာထိပ်တန်းအဆင့်ရှိတဲ့ အဖွဲ့ဖြစ်ပါတယ်။