Homeပြည်တွင်းသတင်းတယ်လီနောက မိုဘိုင်သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို စစ်တပ်ထံ လွှဲပြောင်းပေးခဲ့

တယ်လီနောက မိုဘိုင်သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို စစ်တပ်ထံ လွှဲပြောင်းပေးခဲ့

၂၂ ဩဂုတ် ၂၀၂၅

မြန်မာနိုင်ငံမှာ စစ်အုပ်စု နဲ့ နော်ဝေ ဆက်သွယ်ရေးကုမ္ပဏီ တယ်လီနောတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းတွေ့ရှိချက်အသစ်ထွက်‌ပေါ် ခဲ့ပြီး တယ်လီနောမိုဘိုင်းသုံးစွဲသူ ၁၃၀၀ ဦးခန့်ရဲ့အင်တာနက် အသုံးပြုဒေတာတွေကို လွှဲပြောင်းပေးခဲ့တာ၊ သူတို့ရဲ့ ဖုန်းတွေကို ပိတ်ပစ်ခဲ့တာတွေ ပြုလုပ်တယ်လို့ နော်ဝေမီဒီယာ NRK ရဲ့ထုတ်ဖော်ချက်အရ သိရပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း တယ်လီနော(Telenor) ကုမ္ပဏီဟာ သိမ်းဆည်းထားတဲ့ မြန်မာပြည်သူ‌တွေရဲ့အကဲဆတ်တဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေကိုအချိန်အတန်ကြာတဲ့ထိ စစ်အုပ်စုဆီကို လွှဲပြောင်းပေးနေခဲ့တယ်လို့ဆိုပါတယ်။

ဒါနဲ့ပတ်သက်လို့ နော်ဝေမီဒီယာ NRK က လန်ဒန်မြို့မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့သားဖြစ်သူကင်မ်နဲ့ သီးသန့် အင်တာဗျူး ပြုလုပ်ခဲ့ပြီး စစ်အုပ်စုနဲ့ နော်ဝေ ဆက်သွယ်ရေးကုမ္ပဏီ တယ်လီနောတို့ပူး ပေါင်းဆောင်ရွက်ခဲ့တဲ့တွေ့ရှိချက်အသစ်အပေါ် အခြေခံပြီး အင်တာဗျူး လုပ် ဆောင်ခဲ့ပါတယ်။

ဒါအပြင် တယ်လီနော်ဟာ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်အပါ ၄ ဦးဖမ်းဆီးခံခဲ့ရတာဟာလည်း တယ်လီနောက ကိုဂျင်မီနှနဲ့ပတ်သက်တဲ့ မက်တာဒေတာကို ထုတ်ပြန်ပြီးနောက် ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ နော်ဝေ-မြန်မာကော်မတီ ဒါရိုက်တာဟောင်း အော်ဒွန်းအာဂါ (Audun Aagre) က ပြောဆိုထားပါတယ်။

မက်တာဒေတာဆိုတာဟာ မိုဘိုင်းသုံးစွဲသူရဲ့ ဖုန်းခေါ်ဆိုမှုကြာချိန်၊ နှစ်ဖက်ဖုန်းဟန်းဆက်တွေတည်နေရာ၊ ဟန်းဆက်အမျိုးအစား၊ အင်တာနက်အသုံးပြုတာတွေကိုပြသတဲ့အချက်အလက်တွေ ဖြစ်ပါတယ်။

တယ်လီနောဆီထံက‌ သတင်းအချက် အလက်တွေကိုအသုံးပြုပြီး သုံးစွဲသူပြည်သူတွေကို ဖမ်းဆီးကာ ထောင် ၃ နှစ်က‌နေ ၇ နှစ်အထိ ချမှတ်နိုင်တယ်လို့ စစ်ကော်မရှင်ဘက်ပြောဆိုထားချက်တွေကိုလည်း စာရွက်စာတမ်းတွေထဲမှာ ဖော်ပြပါရှိတယ်လို့ သိရပါတယ်။

ဒါပေမယ့် ကုမ္ပဏီအုပ်ချုပ်ရေးပိုင်းက ၄င်းတို့အနေနဲ့ ရွေးချယ်စရာမရှိခဲ့ဘဲ ငြင်း ဆန်ရင် ဝန်ထမ်းတွေ အသက်အန္တရာယ်နဲ့ ကြုံရနိုင်တယ်”လို့ အာဏာသိမ်းပြီးနနောက်ပိုင်းတာဝန်ယူနေရတဲ့ တယ်လီနောမြန်မာ (TML)ရဲ့ CEO ဖြစ်လာသူ Jon Omund Revhaug က ပြောထားတယ်လို့ သိရပါတယ်။

အချက်အလက်များကို ပေးအပ်ခဲ့တဲ့အတွက် တယ်လီနောကို မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြောက်ထားတဲ့ခေါင်းဆောင်ကို စစ်အုပ်စုက ညှင်းပန်းနှိပ်စက်ရာမှာ ပါဝင်ကူညီခဲ့ရာမှာ ထင်ရှားစေခဲ့တယ်လို့ ကုလသမဂ္ဂနဲ့ကမ္ဘာတဝှမ်းက ရှုတ်ချနေဆဲ ကိစ္စတစ်ခုလည်းဖြစ်ပါတယ်။

တယ်လီနောဆီက‌နေ ခွဲခြမ်းစိတ်ဖြာထားတဲ့စာရွက်စာတမ်းတွေအရ စစ်အုပ်စုရဲ့ ပြတ်သားတဲ့ ဗျူဟာတခုကိုလည်း မြင်တွေ့နိုင်ပြီး အဲဒီဟာကတော့ နာမည်ကြီးသူတွေရဲ့အချက်အလက်ကိုရှာဖွေနိုင်ခြင်းဘဲဖြစ်တယ်လို့ သိရပါတယ်။

တယ်လီနောဟာ စစ်အုပ်စုကို ဆန့်ကျင်တော်လှန်သူတွေရဲ့နာမည်၊ လိပ်စာ၊ ဖုန်းခေါ်ဆိုမှုမှတ်တမ်း၊ စာတိုအချက်အလက်နဲ့ နောက်ဆုံးသိရှိထားတဲ့နေရာအချက် အလက်တွေကိုစစ်အုပ်စုထံ ပေးအပ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

နော်ဝေဆက်သွယ်ရေး ကုမ္ပဏီဖြစ်တဲ့တယ်လီနောဟာ ၂၀၂၁ ခုနှစ် စစ်အာ ဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီးတဲ့နောက်ပိုင်း သုံးစွဲသူတွေရဲ့အချက်အလက် ပေါက်ကြားစေတဲ့‌အပေါ် အငြင်းပွား ဝေဖန်ခံရတာတွေနဲ့အတူ ၂၀၂၂ ခုနှစ် မတ်လမှာ ကုမ္ပဏီကို M-1 Group ကို အပြီးတိုင်ရောင်းချကာ မြန်မာနိုင်ငံက‌နေတာဝန်ယူမှုမဲ့စွာနဲ့ ပြန်လည်ထွက်ခွာသွားခဲ့တာဘဲဖြစ်ပါတယ်။

လတ်တလောအခြေအနေအရ တယ်လီနော ကုမ္ပဏီရဲ့ ရှယ်ယာတွေကို စစ်အုပ်စုနဲ့ဆက်နွယ်ပတ်သက်နေတဲ့ ရွှေဗျိုင်းဖြူ ကုမ္ပဏီကအများစု ပိုင်ဆိုင်ထားပြီး ATOM Myanmar (အက်တမ် မြန်မာ) အဖြစ် အမည်ပြောင်းလဲလုပ်ကိုင်နေတာဘဲဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး