Homeပြည်တွင်းသတင်းတယ်လီနောကို Justice For Myanmar နဲ့ ICJ Norway တို့က နော်ဝေရဲတပ်ဖွဲ့ထံမှာ တိုင်ကြားထား

တယ်လီနောကို Justice For Myanmar နဲ့ ICJ Norway တို့က နော်ဝေရဲတပ်ဖွဲ့ထံမှာ တိုင်ကြားထား

၂၈ ဩဂုတ် ၂၀၂၅

Justice For Myanmar နဲ့ ICJ Norway တို့က တယ်လီနောနဲ့ တယ်လီနောမြန်မာ စီမံခန့်ခွဲမှုအဖွဲ့ ကို နော်ဝေရဲတပ်ဖွဲ့ထံ တိုင်ကြားချက် ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။

တယ်လီနောက်ဟာ ၂၀၁၈ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အတွင်း နော်ဝေဒဏ်ခတ်ပိတ်ဆို့မှုတွေကို ချိုးဖောက်တဲ့ အတွက် နော်ဝေရဲတပ်ဖွဲ့ထံ တိုင်ကြားချက် ဖွင့်လှစ်ခဲ့တာဖြစ်တယ်လို့ Justice For Myanmar က သတင်းထုတ်ပြန်ပါတယ်။

နော်ဝေးဒဏ်ခတ်ပိတ်ဆို့မှုတွေ ဆိုတာ နော်ဝေရဲ့ မြန်မာနိုင်ငံဆိုင်ရာစည်းမျဥ်း (‘Myanmarforskriften’) ဖြစ်ပြီး တိုင်ကြားချက်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်မှာ တင်သွင်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၁၈ မှ ၂၀၂၁ ခုနှစ်အထိ တယ်လီနောဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်အုပ်စုထိန်းချုပ်မှုအောက် ရောက်ရှိသွားတဲ့ မြန်မာအစိုးရ စောင့်ကြည့် ထောက်လှမ်းရေးစင်တာနဲ့ ဆက်နွှယ်တဲ့ ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ စောင့်ကြည့်ထောက်လှမ်းရေးစက်ပစ္စည်းကို တပ်ဆင်တာ ထိန်းသိမ်းပြုပြင်တာနဲ့ တည်ဆောက်မှုတွေမှာ ပါဝင်ကူညီခဲ့တယ်လို့ သိရပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က စစ်အုပ်စုရဲ့ အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း တယ်လီနောဟာ ၂၀၂၂ ခုနှစ်၊ မတ်လ ၂၅ ရက်မှာ သူတို့ရဲ့ မြန်မာနိုင်ငံလုပ်ငန်းကို M1 Group ရဲ့ ကုမ္ပဏီခွဲတခုဆီ စောင့်ကြည့်ထောက်လှမ်းရေး ပစ္စည်းကို လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တယ်လီနောဟာ သုံးစွဲသူတွေ အန္တရာယ်ကျရောက်လွယ်တဲ့ အချက်အလက်တွေကို ကို စစ်အုပ်စုထံ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

“တယ်လီနောဟာ စစ်အုပ်စုကို အသက်အန္တရာယ်အထိကျရောက်နိုင်တဲ့ သုံးစွဲသူရဲ့ကွန်ရက် အချက်အလက်ဒေတာတွေ မျှဝေတာအပြင် ကုမ္ပဏီရဲ့ တယ်လီဖုန်းကွန်ရက်တွေကို အချိန်နဲ့အမျှ စောင့်ကြည့်ထောက်လှမ်းနိုင်အောင် မြန်မာစစ်အုပ်စုနဲ့ချိတ်ဆက်ပြီး တရားဝင်ကြားဖြတ် ကိရိယာတွေ တပ်ဆင်ခွင့်ပေးခဲ့တဲ့ တာဝန်မဲ့လုပ်ရပ်ကို သေသေချာချာ ခရေစေ့တွင်းကျ စုံစမ်းစစ်ဆေးဖို့ လိုပါတယ်”လို့ Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောပါတယ်။

“နော်ဝေရဲ့ မြန်မာနိုင်ငံဆိုင်ရာ စည်းမျဥ်းက နော်ဝေကုမ္ပဏီ ဒါမှမဟုတ် နိုင်ငံသားတွေကို မြန်မာစစ်အုပ်စုရဲ့ နိုင်ငံတကာဥပဒေ ချိုးဖောက်မှုတွေမှာ ဘယ်လိုနည်းနဲ့မှ ကူညီနေတာမျိုး မဖြစ်အောင် ကာကွယ်ဖို့ ရည်ရွယ်ပါတယ်။ ဒါကြောင့် စစ်အုပ်စုဆီ ဒီစက်ပစ္စည်းနဲ့ အသုံးပြုသူတွေရဲ့ အချက်အလက်တွေ ရောက်နေတာက မြန်မာနိုင်ငံဆိုင်ရာစည်းမျဥ်းကို ထင်ထင်ရှားရှား ချိုးဖောက် နေတာဖြစ်ပြီး ဒါတွေကို မဖြစ်မနေ တာဝန်ခံရမှာဖြစ်ပါတယ်။ တယ်လီနောဟာ ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ ကွပ်မျက်ခံရမှုမှာ တရားမ၀င်အကြမ်းဖက်စစ်အုပ်စုဆီ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို သိသိကြီးနဲ့ ပေးအပ်ခဲ့တဲ့ ကုမ္ပဏီရဲ့လုပ်ရပ်တွေအပါအဝင် လူသားမျိုးနွယ် အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေမှာ ကူညီဆောင်ရွက်ပေးခဲ့တဲ့ ကိစ္စတွေမှာလည်း ပြည့်ပြည့်စုံစုံ စုံစမ်းစစ်ဆေးဖို့လိုပါတယ် ” လို့ သူက ထပ်ပြောပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး