Homeပြည်တွင်းသတင်းတပ်ရင်းအမည်တွေသုံးပြီး အလှူငွေလိမ်လည် ကောက်ခံတာတွေရှိလာတာကြောင့် ပြည်သူတွေသတိထားဖို့ KNDF သတိပေး

တပ်ရင်းအမည်တွေသုံးပြီး အလှူငွေလိမ်လည် ကောက်ခံတာတွေရှိလာတာကြောင့် ပြည်သူတွေသတိထားဖို့ KNDF သတိပေး

၇ နိုဝင်ဘာ၊၂၀၂၄

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ရဲ့ တပ်ရင်းအမည်တွေကိုသုံးပြီး အလှူငွေ လိမ် လည် ကောက်ခံတာတွေရှိနေတာကြောင့် ပြည်သူတွေအနေနဲ့ သတိထားကြဖို့ KNDF က နိုဝင်ဘာလ ၆ ရက်နေ့က သတိပေးထုတ်ပြန်ထားပါတယ်။

မိမိတို့ (KNDF)ရဲ့ ဗဟိုဌာနများ ၊ ဗျူဟာများ ၊ တပ်ရင်းတွေရဲ့ အမည်များ၊ တပ်ဖွဲ့ဝင်တွေရဲ့ ပုံရိပ်တွေကို အသုံးပြုပြီး ပြည်သူတွေအပေါ် လိမ်လည်အလှူခံခြင်း ၊ ဂုဏ်ပြုမှတ်တမ်းလွှာတွေကို အတုပြုလုပ်ကာ အလှူငွေတွေရယူခြင်း ၊ KNDF အပေါ် ပြည်သူတွေ ယုံကြည်မှုယုတ်လျော့အောင်ပြုလုပ်ခြင်းတွေ ပြုလုပ် လာတာကိုတွေ့ရှိရတယ်လို့ ဖော်ပြပါရှိပါတယ်။

KNDF တပ်ရဲ့ ဗဟိုကော်မတီဝင်တွေကစပြီး ဌာန၊ ဗျူဟာ၊ တပ်ရင်းတပ်ဖွဲ့တွေ အဆင့်လိုက် ဘဏ္ဍာရှာဖွေရေးကို စနစ်ကျစေဖို့နဲ့ အလွဲသုံးစားမရှိအောင် ကြိုးစားလုပ်ဆောင်နေကြောင်းနဲ့ ပြည်သူတွေအနေနဲ့လည်းKNDF တပ်ဖွဲ့ ဝင်တစ်ဦးဦးအမည်နဲ့ လာရောက်အလှူခံတာတွေ ရှိလာရင် သက်ဆိုင်ရာ တာဝန်ရှိသူတွေထံ အကြောင်း ကြား တာနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေထံ အတည်ပြုချက် ရယူပြီးမှသာ လှူဒါန်းကြဖို့ကိုလည်း တိုက်တွန်းထား ပါတယ်။

KNDF တပ်ရင်းတွေအလိုက် အလှူငွေဘဏ္ဍာရှာဖွေဖို့အတွက် Facebook pageတွေကို တပ်ရင်းတွေရဲ့ နံပတ် နဲ့အတူ ဖွင့်လှစ်ခွင့်ပြုထားပြီး တပ်ရင်းနာမည်တွေ မှုမမှန်တာနဲ့ အလှူငွေလာရောက်တောင်းခံမှုတွေရှိပါက သက်ဆိုင်ရာ တပ်ရင်း Facebook page ရဲ့ messenger မှာလည်းမေးမြန်းအတည်ပြုနိုင်တယ်လို့ ဆိုပါတယ်။

ဆက်လက်ပြီး KNDF နဲ့သက်ဆိုင်တဲ့ အလှူငွေတောင်းခံခြင်း ကိစ္စရပ်တွေအားလုံးအတွက် အတည် ပြုချက်တွေကို KNDF ဗဟိုရဲ့ Facebook page မှာ မေးမြန်းအတည်ပြုနိုင်သလို သက်ဆိုင်ရာ ဗဟိုကော်မတီဝင် ၊ စစ်ဦးစီး ၊ စစ်ရေးချုပ် ၊ စစ်ထောက်ချုပ် ၊ ဗျူဟာမှူးတွေနဲ့ တပ်ရင်းမှူးတွေ ထံတိုက်ရိုက်အတည်ပြုကြဖို့ကိုလည်း သတိပေးတိုက်တွန်းထားပါတယ်။

Photo – KNDF

ဆက်စပ် သတင်းများ

Most read