Homeပြည်တွင်းသတင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ်မင်း‌အောင်လှိုင်က ယာယီသမ္မတ မင်းအောင်လှိုင်ကိုအာဏာပြန်အပ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မင်း‌အောင်လှိုင်က ယာယီသမ္မတ မင်းအောင်လှိုင်ကိုအာဏာပြန်အပ်

၃၁ ဇူလိုင် ၂၀၂၅

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကနေ အရေးပေါ်အခြေအနေ အရ တပ်ချုပ်မင်းအောင်လှိုင်ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က နိုင်ငံတော်အာဏာကို လွဲအပ်ဆောင်ရွက်စေတဲ့ အမိန့်အာဏာကို ပယ်ဖျက်လိုက်တယ်လို့ ယာယီသမ္မတ တာဝန်ယူထားတဲ့ မင်းအောင်လှိုင်က အမိန့်ထုတ်ပြန်လိုက်ပါတယ်။

၂၀၂၅ ခုနှစ် ဇူလိုင် ၃၁ ရက် နေ့စွဲနဲ့ထုတ်ပြန်လာတဲ့ အဲ့ဒီ အမိန့်ထဲမှာ “မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၇ နဲ့ ၄၁၈ အရ အရေးပေါ်အခြေအနေကြေညာပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော်အာဏာကို လွှဲအပ် ဆောင်ရွက်စေတဲ့ကိစ္စနဲ့စပ်လျဉ်းပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ၎င်းအားပေးအပ်ထား သည့် တာဝန်ပြီးမြောက်အောင် ဆောင်ရွက်ပြီးကြောင်းတင်ပြတဲ့ အစီရင်ခံစာကို လက်ခံရရှိပြီး ဖြစ်သဖြင့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော်အာဏာလွှဲအပ်ဆောင်ရွက်စေခဲ့သည့် နိုင်ငံတော်သမ္မတရုံး၏ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်စွဲပါအမိန့်အမှတ်၊ ၁/၂၀၂၁ ကိုပယ်ဖျက်လိုက်သည်။” လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံးရဲ့ အမှုဆောင်ချုပ်အဖြစ် ဦးအောင်လင်းဒွေး နဲ့ တွဲဖက်အမှုဆောင်ချုပ်အဖြစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ကို ခန့်အပ်တာဝန်ပေးတယ်လို့လည်း အမိန့်ထုတ်ထားပါတယ်။

ဇူလိုင် ၃၁ ရက် နေ့စွဲနဲ့ပဲ ပြည်ထောင်စုဝန်ကြီးချုပ် အဖြစ် ဦးညိုစောဦးဆောင်တဲ့ ပြည်ထောင်စုအစိုးရ အဖွဲ့ကို ဖွဲ့စည်းလိုက်တယ်လို့ လည်း နောက်ထပ်အမိန့် ကြေညာချက်ထုတ်ပြန်ထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး