Homeပြည်တွင်းသတင်းတန့်ဆည်မြို့နယ်၊ မူးတိမ်ရွာအား ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) နဲ့မဟာမိတ်တွေ ပူးပေါင်းသိမ်းပိုက်

တန့်ဆည်မြို့နယ်၊ မူးတိမ်ရွာအား ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) နဲ့မဟာမိတ်တွေ ပူးပေါင်းသိမ်းပိုက်

၂၈ နို၀င်ဘာ၂၀၂၅

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်မြောက်ခြမ်းရှိ စစ်တပ်နဲ့ ပြူစောထီးတွေတပ်စွဲထားတဲ့မူးတိမ်ရွာကို ပြည်သူ့လွှတ်မြောက်ရေးတပ်မတော် (PLA)၊ ပေါ်ဦးစစ်ကြောင်း၊ တန့်ဆည်မြို့နယ် – ပကဖ၊ ရွှေဘိုခရိုင် အမှတ် -၂၅ တပ်ရင်း၊ ဓူဝံရေဦးမြို့နယ်အဖွဲ့၊ ဝံသပါလရေဦးမြို့နယ်အဖွဲ့၊ Drone force Taze အဖွဲ့တို့က နို၀င်ဘာ ၂၈ ရက်မနက် ပိုင်းက ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၂၈ ရက်မနက် ၄ နာရီခွဲခန့် က မနက် ၈ နာရီကျော်အထိ ၄ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မူးတိမ်ပြူရွာစခန်းတခုလုံးကို သိမ်းပိုက်စီးနင်းနိုင်ခဲ့တယ်လို့ (PLA) ကထုတ်ပြန်ပါတယ်။

အဲ့ဒီ မူးတိမ်ရွာစခန်းမှာ စစ်တပ်နဲ့ပြူစောထီးပူးပေါင်းအင်အား ၁၀၀ ခန့် တပ်စွဲထားတဲ့ စခန်းဖြစ်ပြီး တန့်ဆည်နယ်ထဲမှာ စစ်ရေးအရ အရေးပါတဲ့ တပ်စခန်းတခုဖြစ်တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်သားအလောင်းနဲ့ လက်နက်ခဲယမ်းတချို့သိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။

တိုက်ပွဲအတွင်း မနက် ၉ နာရီခန့်က ဂျက်ဖိုက်တာ၊ Y12 တို့နဲ့ ရန်သူဘက်က လေကြောင်းတိုက်ခိုက်မှုရှိခဲ့ပြီး ကန့်ဘလူ ၆၀၀၆ တပ်ကလည်း လက်နက်ကြီးပစ်ကူ ပေးခဲ့တယ်လို့သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး