Homeပြည်တွင်းသတင်းတစ်နှစ်အတွင်း ထိန်းချုပ်နယ်မြေ ခရိုင်လေးခုမှာ အမှုပေါင်း တစ်ထောင်ကျော်ဖမ်းဆီးနိုင်ခဲ့တယ်လို့ TNLA ထုတ်ပြန်

တစ်နှစ်အတွင်း ထိန်းချုပ်နယ်မြေ ခရိုင်လေးခုမှာ အမှုပေါင်း တစ်ထောင်ကျော်ဖမ်းဆီးနိုင်ခဲ့တယ်လို့ TNLA ထုတ်ပြန်

၂၉ ဇန်နဝါရီ၊ ၂၀၂၅

PSLF/TNLA အုပ်ချုပ်ထားတဲ့ ခရိုင်(၄)ခုဖြစ်တဲ့ နမ့်ဆန်ခရိုင်၊ ရွှေလီခရိုင်၊ မာန်အောင်ခရိုင်၊ သံလွင်ခရိုင် နဲ့ အခြားမြို့နယ်တွေမှာ တရားဥပဒေစိုးမိုးရေးတပ်ဖွဲမှ ၂၀၂၄ခုနှစ်၊ တစ်နှစ်အတွင်း ပြစ်မှုပေါင်း (၁၂၄၂)မှုကို ဖမ်းဆီးအရေးယူနိုင်ခဲ့တယ်လို့ ဇန်နဝါရီလ ၂၈ ရက် မနေ့က ထုတ်ပြန်ပါတယ်။

TNLAက ထုတ်ပြန်ထားတဲ့ တစ်နှစ်အတွင်းဖမ်းဆီးရမိခဲ့တဲ့စာရင်တွေအရ နမ့်ဆန်ခရိုင်တွင် (၈၃၁)မှု၊ ရွှေလီခရိုင် (၂၂၆)မှု၊ မာန်အေင်ခရိုင် (၁၁၈)မှု၊ သံလွင်ခရိုင် (၅၃)မှု နဲ့ အခြားမြို့နယ်တွေမှာ (၁၄)မှုတို့ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါအမှုတွေကို တရားစီရင်ရေးဌာနမှ (၃၃)မှုကို ဆုံးဖြတ်အပြစ်ပေးအရေးယူခဲ့ကြောင်း တရားဥပဒေ စိုးမိုးရေးရဲတပ်ဖွဲ့မှ ရဲရေးပိုင်အမှု နဲ့ သာမှန်အမှုငယ် အမှုပေါင်း (၈၁၈)ကို ဆုံးဖြတ်ပေးခဲ့ပြီး ရုံးအတွင်း သိမ်းထားတဲ့ အမှုပေါင်း (၂၅၆)လည်း ကျန်ရှိနေပါတယ်လို့ ဆိုပါတယ်။

အမှုအများစုမှာ လူသတ်မှု၊ အဓမ္မပြုကျင့်မှု၊ ပစ္စည်းခိုးယူမှု၊ အပြင်းထန်နာကျင်စေမှု နဲ့ အခြားအမှုတွေပါဝင်ပြီး ၎င်းအနက် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ စုစုပေါင်း (၁၉၂၃)ဦးကို ဖမ်းဆီးအရေးယူထားတယ်လို့ သိရပါတယ်။

အဆိုပါ အရေအတွက် တစ်ထောင်ကျော်အတွင်းမှ တရားစီရင်ရေးဌာနမှ (၅၁)မှုကို ဆုံးဖြတ် ပြစ်ဒဏ်ချပေးနိုင်ခဲ့ပြီး ရဲရေးပိုင်အမှု နဲ့ သာမှန်အမှုငယ်များ အမှုပေါင်း (၁၁၇၀)ကိုလည်း တရားဥပဒေစိုးမိုးရေးရဲတပ်ဖွဲမှ ဆုံးဖြတ်ပေးနိုင်ခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။။

Photo – PSLF/TNLA

ဆက်စပ် သတင်းများ

Most read