Homeပြည်တွင်းသတင်းတစ်နေ့ထဲ ရှမ်းမြောက် ဒေသ ၃ ခုကို စစ်ကောင်စီ လေကြောင်းက ဗုံးကြဲတိုက်ခိုက်

တစ်နေ့ထဲ ရှမ်းမြောက် ဒေသ ၃ ခုကို စစ်ကောင်စီ လေကြောင်းက ဗုံးကြဲတိုက်ခိုက်

၆ အောက်တိုဘာ၊ ၂၀၂၄

အောက်တိုဘာလ ၅ ရက် တစ်ရက်ထဲမှာ ရှမ်းပြည်နယ်မြောက်ပိုင်းက လားရှိုးမြို့ ပေါ်၊ လားရှိုးမြို့နယ် နောင်မွန်ကျေးရွာနဲ့ သီပေါမြို့နယ်တို့ကို စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်း သတင်းတွေအရ သိရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ မြို့လယ်ခေါင်ကို စစ်ကောင်စီက ညပိုင်း လူအများအိပ်ပျော်နေချိန်မှာ ဗုံးကြဲချတဲ့အတွက် လူနေအိမ်နဲ့ ဆိုင်ခန်းတွေ မီးလောင်ခဲ့ပြီး လူတစ်ဦး ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၅ ရက် ည ၉ နာရီ ၄၅ မိနစ်ဝန်းကျင်က သီပေါမြို့၊ အနောက်ရပ် မြို့လယ်ခေါင်နေရာကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးတွေ ကြဲချတဲ့အတွက် နေအိမ်နဲ့ ဆိုင်ခန်းတွေ မီးလောင်ခဲ့ပါတယ်။ မြို့ခံ ပြည်သူတွေက မီးကို ငြှိမ်းသတ်ခဲ့ရပြီး ဒေသခံပြည်သူ အမျိုးသားတစ်ဦး ပျောက်ဆုံးနေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

အောက်တိုဘာလ ၅ ရက် ညပိုင်းမှာပဲ လားရှိုးမြို့နယ် နောင်မွန်ကျေးရွာမှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပေါ်ခဲ့ပြီး လေကြောင်းက ဗုံးကြဲတာကြောင့် ဖြစ်နိုင်တယ်လို့ လားရှိုးဒေသခံတွေက ဆိုပါတယ်။ တစ်နေ့ထဲမှာပဲ မနက် မနက် ၁၀ နာရီခွဲဝန်းကျင်မှာ လားရှိုးမြို့ပေါ်က ကွန်ပြူတာ တက္ကသိုလ်အနီးဝန်းကျင်ကို လေကြောင်းက ဗုံး ၄ ကြိမ် လာကြဲချသွားတယ်လို့ ဆိုပါတယ်။ လားရှိုးမြို့နယ်အတွင်း ဗုံးကြဲချမှုတွေမှာတော့ လူသေဆုံးမှု မရှိခဲ့ဘဲ ထိခိုက်ပျက်စီး စာရင်းတွေကို ကောက်ယူနေဆဲဖြစ်ကြောင်း လားရှိုးဒေသခံတွေက ဆိုပါတယ်။

လားရှိုးမြို့ပေါ်မှာ အပြင်လူတွေကို အင်တာနက်သုံးစွဲခွင့် MNDAA က ယာယီ ပိတ်ထားပြီး စစ်ရေးသတင်းတွေ ပေးပို့နေတဲ့ ဒလန်ကို မိထားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ စစ်ကောင်စီဟာ လားရှိုးမြို့ကို တစ်လအတွင်း ၁၀ ကြိမ်ထက်မနည်း လေကြောင်းက တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး အထူးဒေသ ၁ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို အကြိမ် ၃၀ ဝန်းကျင် ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ပုံစာ – အောက်တိုဘာလ ၅ ရက် လားရှိုးကွန်ပြူတာတက္ကသိုလ်အနီး ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက်

Photo – the Kokang

ဆက်စပ် သတင်းများ

Most read