Homeပြည်တွင်းသတင်းတက္ကသိုလ်ဝင်တန်းစာမေးပွဲ အမှတ်စာရင်းချို့ယွင်းတာတွေရှိခဲ့တာကြောင့် အမှတ်စာရင်းအမှန်ထုတ်ယူနိုင်တယ်လို့ စစ်ကော်မရှင်ရဲ့စာစစ်ဌာန အသိပေး

တက္ကသိုလ်ဝင်တန်းစာမေးပွဲ အမှတ်စာရင်းချို့ယွင်းတာတွေရှိခဲ့တာကြောင့် အမှတ်စာရင်းအမှန်ထုတ်ယူနိုင်တယ်လို့ စစ်ကော်မရှင်ရဲ့စာစစ်ဌာန အသိပေး

ဩဂုတ်၂၀၂၅

တက္ကသိုလ်ဝင်တန်းစာမေးပွဲ အမှတ်စာ ရင်း စနစ်ချို့ယွင်းတာတွေကြောင့် အ မှတ်စာရင်းအမှန် ပြန်လည်ထုတ်ယူနိုင်တယ်လို့ စစ်ကော်မရှင်လက်အောက်ခံ မြန်မာနိုင်ငံစာစစ်ဌာနက ထုတ်ပြန်ပါတယ်။

၂၀၂၅ ခုနှစ် မတ်လမှာ ကျင်းပပြီးစီးခဲ့တဲ့ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခဲ့ကြတဲ့ ကျောင်းသား/သူတွေဟာ အောင်စာရင်းထွက်ရှိချိန်မှာ အောင်ခဲ့ပြီး အမှတ်စာရင်းထုတ်ယူချိန်မှာတော့ ကျရှုံးဖြစ်နေတာတွေနဲ့ ကြုံတွေ့နေကြပြီးနောက် အခုလိုထုတ်ပြန်လာတာဘဲဖြစ်ပါတယ်။

အောင်စာရင်းမှာ မပါဝင်ခဲ့တဲ့ ကျရှုံးသူတွေဟာလည်း မဖြစ်နိုင်တဲ့ အမှတ်စာ ရင်း အမှားတွေ၊ ဂုဏ်ထူးရဘာသာ ရှိလာတာတွေ၊ အောင်စာရင်းရလဒ်အလွဲတွေ ဖြစ်ခဲ့ကြတာပါ။

“တစ်ခါမှမကြုံဖူးဘူး။ ကလေးတွေအရမ်းနစ်နာတယ်။ နှစ်ခါဖြေရတယ် ထွက်လာတဲ့ စာရင်းကအမှားတွေ၊ ဒီလိုကိစ္စက ကလေးတွေရဲ့ဘဝတစ်ခုလုံးနစ်နာရမယ့်ကိစ္စ အရမ်းပေါ့ဆလွန်းလို့ ဘာပြောရမှန်းတောင်မသိဘူး၊ တိုင်း ပြည်ကိုသာ အုပ်ချုပ်ချင်တာ စီမံခန့်ခွဲမှုက တလွဲတွေ၊ ကော်မရှင်ဖွဲ့တာတောင်ပညာရေးဝန်ကြီးဌာနမေ့ကျန်ခဲ့တာကိုကြည့်လေ။”ဟု ကျောင်းသားမိဘတစ်ဦးက ဆိုပါတယ်။

အမှတ်စာရင်းထုတ်ပေးတဲ့စနစ် ချို့ယွင်းခဲ့ပြီး နေပြည်တော်စာစစ်ဌာနတွေရဲ့ အ မှတ်စာရင်းအချို့ဟာ မှားယွင်းပါသွားတာကြောင့် ဇူလိုင် ၃၀ ရက်နေ့ မွန်းလွဲ ၂ နာရီ မတိုင်မီ ထုတ်ပေးခဲ့တဲ့ အမှတ်စာ ရင်းစာရွက်ကို ယူဆောင်လာပြီး အမှတ်စာရင်းအမှန် ပြန်လည်ထုတ်ယူဖို့ မြန်မာ နိုင်ငံစာစစ်ဦးစီးဌာနက ကြေညာတဲ့ စာတစ်စောင်ဟာလည်း အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပါတယ်။

မတ်လ၂၈ ရက်က လှုပ်ခတ်တဲ့ မန္တလေးငလျင်ကြောင့် ရတနာပုံတက္ကသိုလ်ထဲမှာ ထားရှိတဲ့ အဖြေလွှာတွေ ပျက်ဆီးဆုံးရှုံးခဲ့ပြီးနောက် အဖြေလွှာတွေဆုံးရှုံးခဲ့တဲ့ သက်ဆိုင်ရာပြည်နယ်နဲ့တိုင်းက ကျောင်း သူ/သားတွေ ဒုတိယအကြိမ်ပြန်လည်ဖြေဆိုခိုင်းတဲ့အပြင် အမှတ်စာရင်းအမှားတွေထပ်ထွက်လာတာဘဲဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး