မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ အမှတ်(၁) ရပ်ကွက်၊ ရုံးညောင်ပင်စက်လှေဆိပ်မှာ ဧပြီလ ၂၃ ရက် ဒီကနေ့လည်ပိုင်းက ကလေး (၄) ဦး ရေဆင်းချိုးရာမှ နှစ်ဦးရေနှစ်သေဆုံးပြီး နှစ်ဦးပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
ဖြစ်စဉ်အတွင်း ညောင်ဦးမြို့နယ်မီးသတ်တပ်ဖွဲ့မှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်လျက်ရှိရာ ၁၂ ၄၀ အချိန်မှာ ကျား (၁)ဦး (သေဆုံး) နဲ့ ၁ နာရီ ၂၄ မိနစ်အချိန်မှာ အချိန် ကျား(၁)ဦး (သေဆုံး)တို့ရဲ့ ရုပ်အလောင်း တွေ ရှာဖွေတွေ့ရှိခဲ့ပြီး ကျန်(၂)ဦးအား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရါက်နေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – MFSD