Homeပြည်တွင်းသတင်းညောင်လေးပင်နဲ့တောင်ငူခရိုင်အတွင်း ရေဘေးသင့်ပြည်သူ ၃ သိန်းကျော်ရှိနေပြီး အကူအညီတွေလိုအပ် နေတယ်လို့ KNU ဆို

ညောင်လေးပင်နဲ့တောင်ငူခရိုင်အတွင်း ရေဘေးသင့်ပြည်သူ ၃ သိန်းကျော်ရှိနေပြီး အကူအညီတွေလိုအပ် နေတယ်လို့ KNU ဆို

၂၃ စက်တင်ဘာ၊၂၀၂၄

KNU ထိန်းချုပ်နယ်မြေဖြစ်တဲ့ ပဲခူးတိုင်း၊ တောင်ငူခရိုင်နဲ့ ညောင်လေးပင်ခရိုင်အတွင်းက စစ်တောင်း မြစ်ဝှမ်းတစ်လျှောက် ရေကြီးနှစ်မြုပ်မှုကြောင့် ဒေသခံ ၃ သိန်းကျော် ရေဘေးသင့်နေပြီး အကူအညီတွေ လိုအပ်နေတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ပါတယ်။

KNU ရဲ့ ထုတ်ပြန်မှုအရ ၅၈ နှစ်အတွင်း အကြီးမားဆုံး ရေကြီးရေလျှံမှုနဲ့ ကြုံတွေ့ခဲ့ရတာဖြစ်ပြီး လူသေဆုံးတာ၊ သောင်းနဲ့ချီတဲ့ သီးစိုက်ဧကတွေ ပျက်စီးတာ၊ သီးနှံတွေ ပိုးကျတာ၊ လယ်ယာသုံး ကျွဲ၊ နွားတွေ သေဆုံးတာ စတဲ့ ဘေးဒုက္ခတွေနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရတယ်လို့ စက်တင်ဘာလ ၂၂ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်မှာေ ဖာ်ပြပါတယ်။

ညောင်လေးပင်ခရိုင်အတွင်းမှာ ရွာပေါင်း ၂၈၉ ရွာက လူတစ်သိန်းခွဲကျော် (၁၆၈,၄၂ ဦး) ရေဘေးသင့်ခဲ့ပြီး နှစ်ဦး သေဆုံးခဲ့ကြောင်းနဲ့ တောင်ငူခရိုင်အတွင်းမှာတော့ လူဦးရေ တစ်သိန်းခွဲနီးပါး (၁၄၈,၅၀၀ ဦး) ရေဘေးသင့်ခဲ့ပြီး ခုနစ်ဦး သေဆုံးတယ်လို့ သိရပါတယ်။

ညောင်လေးပင်ခရိုင်အတွင်းမှာတော့ စစ်ဘေးဒုက္ခသည်တွေပါ ရေဘေးသင့်နေဲပီး ရေဘေးသင့်သူတွေကို အရေးပေါ် ကူညီထောက်ပံ့မှုတွေရှိပေမယ့် လုံလောက်မှုမရှိဘဲ အကူအညီနဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို့ KNU က ဖော်ပြပါတယ်။

နိုင်ငံတစ်ဝန်းက ရေကြီးရေလျှံမှုမှာ လူ ကိုးသိန်းနီးပါး (၈၈၇,၀၀၀) ရေဘေးသင့်ခဲ့ပြီး လူသုံးရာကျော် သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က စက်တင်ဘာလ ၂၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ပုံစာ -တောင်ငူခရိုင်အတွင်း ရေကြီးနစ်မြုပ်နေမှုများ
Photo – KNU

ဆက်စပ် သတင်းများ

Most read