Homeပြည်တွင်းသတင်းဇွန်လအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု ၅၃၂ မှု စစ်အုပ်စုကျူးလွန်၊ မန္တလေးက အဓိကပစ်မှတ်ဖြစ်

ဇွန်လအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု ၅၃၂ မှု စစ်အုပ်စုကျူးလွန်၊ မန္တလေးက အဓိကပစ်မှတ်ဖြစ်

၁၀ ဇူလိုင် ၂၀၂၅

ဇွန်လအတွင်းမှာ စစ်အုပ်စုက ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှု စုစုပေါင်း ၅၃၂ မှု ရှိခဲ့ပြီး အများဆုံးက မန္တလေးတိုင်းထဲမှာ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ အချက်အလက်တွေ အရ သိရပါတယ်။

အဲ့ဒီအထဲမှာ မန္တလေးတိုင်းဒေသကြီးဟာ လူ့အခွင့်အရေးချိုးဖောက်ခံရမှုအများဆုံးအဖြစ် ၁၁၆ မှုရှိပြီး လေကြာင်းတိုက်ခိုက်မှု အကြိမ်အရေအတွက်မှာလည်း ၅၅ ကြိမ်နဲ့ မန္တလေးက အများဆုံးဖြစ်ပါတယ်။

“ပြည်သူ့ကာကွယ်ရေးတပ်တွေ စိုးမိုးထားတဲ့ မတ္တရာနဲ့စဉ့်ကူးဘက် ကို အဓိက တိုက်ခိုက်တာတွေလုပ်ဆောင်နေတာပါ။”လို့ စဉ့်ကူးဒေသခံ တဦးက New Day Myanmar ကိုပြောပါတယ်။

ဇွန်လအတွင်း အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ပြည်သူပိုင် နေအိမ် ၁၅၈ လုံး၊စာသင်ကျောင်း ၁၂ လုံး၊ ကျန်းမာရေးအဆောက်အအုံ ၃ ခု ပျက်စီးဆုံးရှုံးခဲ့ပြီး အများဆုံး ပျက်စီးဆုံးရှုံးမှုကတော့ ကချင်ပြည်နယ်မှာဖြစ်ခဲ့တာဖြစ်ပါတယ်။

ဘာသာရေးအဆောက်အအုံပျက်စီးမှုအနေနဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း ၁၅ လုံး၊ခရစ်ယာန်ဘုရားအဆောက်အအုံ ၆ လုံး ပျက်စီးခဲ့ပြီး မန္တလေးနဲ့ရှမ်းပြည်နယ်တို့မှာ အများဆုံးဖြစ်ခဲ့တာပါ။

လေကြာင်းတိုက်ခိုက်မှုကြောင့် ဇွန်လအတွင်း သေဆုံးရသူဦးရေမှာ စုစုပေါင်း ၉၀ ဦး ရှိပြီးအသက် ၁၈ နှစ်အောက် ၇ ဦး၊ အသက် ၁၈ နှစ်အထက် ၃၆ ဦး အသက်ခွဲခြားမရသူ ၄၇ ဦး ဖြစ်ကြောင်း သိရပါတယ်။

ထိခိုက်ဒဏ်ရာရသူအနေဖြင့် စုစုပေါင်း ၂၉၆ ဦး ထိခိုက်ခဲ့ပြီး၊ အသက် ၁၈ နှစ်အောက် ၄၇ ဦး

အသက် ၁၈ နှစ်အထက် ၇၀ ဦး၊ အသက်ခွဲမရသူ ၁၇၉ ဦး ဖြစ်ပါတယ်။

ဒါ့အပြင် ဇွန်လအတွင်း တရားလက်လွတ်သတ်ဖြတ်ခံရမှု စုစုပေါင်း ၁၁၄ မှု ဖြစ်ခဲ့ကြောင်းလည်း လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး