Homeပြည်တွင်းသတင်းဇူလိုင်လ အတွင်း စစ်ကောင်စီတပ်က လူ့အခွင့်အရေးချိုးဖောက်မှု ၅၅၈ ခုကျူးလွန်ခဲ့

ဇူလိုင်လ အတွင်း စစ်ကောင်စီတပ်က လူ့အခွင့်အရေးချိုးဖောက်မှု ၅၅၈ ခုကျူးလွန်ခဲ့

၁၇ ဩဂုတ်၊ ၂၀၂၄

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ်ပေါင်း ၅၅၈ ခုအထိ ကျူးလွန်ခဲ့တာဖြစ်ပြီး တရားလက်လွတ်သတ်ဖြတ်ခြင်းက အရေအတွက် အများဆုံး ဖြစ်ပွားခဲ့တာလို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဇူလိုင်လအတွင်းမှာ စစ်ကောင်စီက ရှမ်းပြည်နယ်အတွင်းမှာ လေကြောင်းတိုက်ခိုက်မှု ၂၁ ကြိမ်အထိ ကျူးလွန်ခဲ့ပြီး အများဆုံးဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ဇူလိုင်လအတွင်း လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်အတွင်းမှာ နေအိမ် ၁၂၂ လုံး ၊ စာသင်ကျောင်း ၆ ကျောင်း ၊ ဘာသာရေးဆိုင်ရာ အဆောက်အဦ ၈ လုံး နဲ့ ဆေးရုံ ၂ ခု ပျက်စီးဆုံး ရှုံးခဲ့ရတယ်လို့ သိရပါတယ်ပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၁၂၆ ဦး သေဆုံးခဲ့ရပြီး ၁၀၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

စစ်တပ်က နိုင်ငံတဝန်းမှာ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ ပြုလုပ်ခဲ့ပြီး ဇူလိုင် လအတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသူ အရေအတွက် ၁၆၄ ဦး အထိ ရှိတယ်လို့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ပုံစာ – စစ်ကောင်စီက ဂျက်ဖိုက်တာတစ်စီးနဲ့ လာရောက် ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ပျက်ဆီးသွားသော ဘုန်းကြီးကျောင်းဆောင်

ဆက်စပ် သတင်းများ

Most read