Homeပြည်တွင်းသတင်းဇူလိုင်လအတွင်း စစ်တပ်က မန္တလေးတိုင်းကို အများဆုံးပစ်မှတ်ထား တိုက်ခိုက်ခဲ့

ဇူလိုင်လအတွင်း စစ်တပ်က မန္တလေးတိုင်းကို အများဆုံးပစ်မှတ်ထား တိုက်ခိုက်ခဲ့

၁၄ ဩဂုတ် ၂၀၂၅

စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း မန္တလေးတိုင်းကို လေကြောင်းတိုက်ခိုက်မှု အများဆုံးပြုလုပ်ခဲ့သလို လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုလည်း မန္တလေးတိုင်းမှာပဲ အများဆုံးပြုလုပ်ခဲ့တယ်လို့ (NUG) လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။

ဇူလိုင်လအတွင်းလူ့အခွင့်အရေးချိုးဖောက်ခံရမှု ၅၀၇ မှုရှိရာမှာ မန္တလေးဟာ လူ့အခွင့်အရေးချိုးဖောက်ခံရမှု အများဆုံးဖြစ်ခဲ့ပြီး ၁၃၈ မှုထိ ရှိခဲ့ပြီး လေကြောင်းတိုက်ခိုက်ခံရမှုအကြိမ်အရေအတွက် အများဆုံးအနေနဲ့လည်း မန္တလေးတိုင်းဟာ ၅၉ ကြိမ် အထိ တိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။

မန္တလေးတိုင်းထဲမှာ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ စဉ့်ကူး၊ မတ္တရာ၊ သပိတ်ကျင်းနဲ့ မိုးကုတ်မြို့တွေကို အများဆုံးပစ်မှတ်ထား လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ New Day Myanmar က ကောက်ယူးထားတဲ့ စာရင်းတွေ အရလည်းသိရပါတယ်။

ဒုတိယအများဆုံးကတော့ စစ်ကိုင်းတိုင်းမှာ ၃၁ ကြိမ်နဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ၈၄ ကြိမ်ရှိခဲ့ပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူအရည်အတွက်မှာတော့ စစ်ကိုင်းတိုင်မှာ သေဆုံးသူ ၄၂ ဦးရှိပြီး မန္တလေးတိုင်းမှာတော့ ၂၄ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

စစ်ကော်မရှင်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကတော့ မန္တလေးတိုင်းမှာ ၁၃၈ မှု၊ မကွေးတိုင်းမှာ ၅၉ မှု၊ မကွေးတိုင်းမှာ ၆၈ မှု၊ ပဲခူးတိုင်မှာ ၅၄ မှု၊ ရှမ်းပြည်နယ်မှာ ၂၉ မှု၊ ကချင်ပြည်နယ်မှာ ၂၅ မှု၊ တနင်္သာရီတိုင်းမှာ ၂၄ မှု၊ ဧရာ၀တိုင်းမှာ ၂ မှု၊ ရခိုင်ပြည်နယ်မှာ ၁၇ မှု၊ ကရင်ပြည်နယ်မှာ ၁၄ မှု၊ ရန်ကုန်တိုင်းမှာ ၁၂ မှု၊ ကရင်နီပြည်မှာ ၁၀ မှု၊ မွန်ပြည်နယ်မှာ ၇ မှု၊ ချင်းပြည်နယ်မှာ ၂ မှုနဲ့ နေပြည်တော်မှာ ၁ မှုဖြစ်ပွားခဲ့တယ်လို့ အချက်အလက်တွေ အရသိရပါတယ်။

ပုံစာ – ဇူလိုင်လ ၂၉ ရက်နေ့ ညနေပိုင်းတွင် စဉ့်ကူးမြို့နယ် လက်ပန်လှကျေးရွာကို စစ်တပ်က ဗုံးကျဲတိုက်ခိုက်ပြီးမြင်ကွင်း

ဓါတ်ပုံ – MDY PDF

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး