၁၄ ဇန်နဝါရီ၊၂၀၂၅
၂၀၂၅ ခုနှစ် ဇန်နဝါရီလ ပထမနှစ်ပတ်အတွင်း စစ်ကောင်စီတပ်ဖွဲ့နဲ့ ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၂၉ ဦး အကြမ်းမ ဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) လုပ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တွေနဲ့ ပူးပေါင်း လာတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၃ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
NUG ရဲ့ ထုတ်ပြန်ထားမှုအရ မကွေးတိုင်း ဆောမြို့မရဲစခန်းမှ တပ်သားခုနစ်ဦး စစ်လက်နက်ပစ္စည်းတွေနဲ့အတူ CDM လုပ်ခဲ့ပြီး မွန်ပြည်နယ် ဘီးလင်းမြို့နယ် လဂွန်းပျိုစခန်းက စစ်ကောင်စီတပ်သား ၁၆ ဦးလည်း လက်နက်တွေနဲ့အတူ CDM လုပ်လာတယ်လို့ ဆိုပါတယ်။
ဆက်လက်ပြီး ပခုက္ကူမြို့နယ်က BPI မွေးမြူရေးစခန်းက တပ်သား နှစ်ဦး CDM လုပ်ခဲ့တဲ့အပြင် စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်မှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး လက်နက်တွေနဲ့ CDM လုပ်လာကြောင်းနဲ့ အလားတူ အမှတ် ၁၂ တပ်မတော် တန်းမြင့်လေ့ကျင့်ရေကျောင်းက သင်တန်းဆင်း နှစ်ဦးလည်း လက်နက်တွေနဲ့အတူ CDM လုပ်လာတယ်လို့ သိရပါတယ်။
စစ်တပ်အာဏာသိမ်းထားတဲ့ ၂ဝ၂၁ ခုနှစ်ကနေ ၂ဝ၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း စစ်ကောင်စီတပ်သားနဲ့ ရဲတပ်ဖွဲ့ ဝင်တွေ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) မှာ ပါဝင်လာသူ (၁၄,၇၆၀) နီးပါး ရှိလာပြီလို့ NUG က ဇန်နဝါရီ ၄ ရက်နေ့မှာ ထုတ်ပြန်တဲ့ စစ်ရေးအစီရင်ခံစာမှာ ဖော်ပြထားပြီး ၂ဝ၂၄ ခုနှစ် တစ်နှစ်အတွင်းမှာပဲ ရဲ နဲ့ စစ်သား ၅၆၇ ဦး CDM လှုပ်ရှားမှုမှာပါဝင်လာပြီး ဒုဗိုလ်မှူးကြီး ငါးဦး နဲ့ ဗိုလ်မှူး ၄၂ ဦး ပါဝင်တယ်လို့ လည်း သိရပါတယ်။
Photo -NUG-MOD