Homeပြည်တွင်းသတင်းဆွေဇင်ထိုက်၊ စိုးမြတ်သူဇာနဲ့ မေသဥ္ဇာဦးနဲ့ ပျူစောထီးခေါင်းဆောင်တို့ စစ်ကောင်စီပေးတဲ့ ဂုဏ်ထူးဆောင် တံဆိပ်တွေ ရရှိ

ဆွေဇင်ထိုက်၊ စိုးမြတ်သူဇာနဲ့ မေသဥ္ဇာဦးနဲ့ ပျူစောထီးခေါင်းဆောင်တို့ စစ်ကောင်စီပေးတဲ့ ဂုဏ်ထူးဆောင် တံဆိပ်တွေ ရရှိ

ဇူလိုင်၊ ၂၀၂၅

ဇူလိုင်လ ၃ရက်မှာ ကျရောက်တဲ့ မြန်မာအမျိုး သမီးနေ့ကို ကြိုဆိူဂုဏ်ပြုတဲ့အနေနဲ့ ဆိုပြီး စစ်ကောင်စီက ဂုဏ်ထူးဆောင်ဆုတွေ ပေးခဲ့ပါတယ်။

အဲ့ဒီအထဲမှာ စစ်ကောင်စီကို ရပ်တည်ထောက်ခံတဲ့ ဆွေဇင်ထိုက်၊စိုးမြတ်သူဇာနဲ့မေသဥ္ဇာဦးတို့ဟာ ဂုဏ်ထူး ဆောင်တံဆိပ်တွေ ရရှိခဲ့ကြတယ်လို့ သိရပါတယ်။

ဆွေဇင်ထိုက်ဟာ အနုပညာထူးချွန်တံဆိပ်(ပထမအဆင့်)ကိုရရှိခဲ့တာဖြစ်ပြီး စိုးမြတ်သူဇာနဲ့မေသဥ္ဇာဦးတို့ကတော့ လူမှုထူးချွန်တံဆိပ်(ပထမအဆင့်)ကိုရရှိခဲ့တာလို့ သိရပါတယ်။

ဒါ့အပြင် မြင်းခြံမြို့က ပျူစောထီးခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ သီတာယုမွန်ကလည်း ရဲဗလတံဆိပ်ကို ရရှိခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး